October 18, 2024

MT News

Written By Thandar

မော်ဒယ်လ် သန္တာလှိုင်တို့ ဇနီးမောင်နှံက အိမ်အကူအမျိုးသမီးကို နှိပ်စက်ခဲ့တယ်ဆိုတဲ့ အသံဖိုင် Facebook မှာ ပြန့်နှံ့နေတဲ့အတွက် အောက်တန်းကျတဲ့ နည်းလမ်းတွေနဲ့ တရားမဝင်တိုက်ခိုက်နေသူတွေရဲ့ ကောလာဟလနဲ့ပတ်သက်ပြီး အဲဒီ့အဖြေကို အချိန်တန်ကျရင် ဖော်ထုတ်ပေးသွားမယ်လို့သန္တာလှိုင်က Facebook မှာ ဒီနေ့ရေးလာပြန်ပါတယ်။

သူမက “ကျွန်မရဲ့ လုပ်ငန်းအပေါ်မှာ ငွေကြေး အလွဲသုံးစားနဲ့ မသမာမှုတွေကို လက်ရှိ တရားဥပဒေကြောင်းအရ ဖြေရှင်းနေတဲ့အတွက် တရားခံတွေဘက်က ယုတ်မာပြီး အောက်တန်းကျတဲ့ နည်းလမ်းတွေနဲ့ တရားမဝင် တိုက်ခိုက်နေပါတယ်။ ဒီ ကောလဟလတွေနဲ့ပတ်သက်ပြီး ကျွန်မရဲ့ ပရိတ်သတ်တွေအတွက် အဖြေကို အချိန်တန်ကျရင် ဖေါ် ထုတ်ပေးသွားမှာဖြစ်ပါတယ်”လို့ သန္တာလှိုင်က ပရိသတ် အများသိရှိစေဖို့ အသိပေးရေးသားခဲ့ပါတယ်။

ဇူလိုင် ၂၀ ရက်မှာ သန္တာလှိုင်တို့ ဇနီးမောင်နှံဟာ အိမ်အကူ အမျိုးသမီးဖြစ်သူကို ထိုးကြိတ် နှိပ်စက်တယ်လို့ ဆိုတဲ့ အသံဖိုင် ပြန့်လာပါတယ်။ အိမ်အကူ မစန်းစန်းမြင့် ဆိုတဲ့ အမျိုးသမီးက သူ့ကို သန္တာလှိုင်လင်မယားက နှိပ်စက်တယ် ပြောတဲ့ အသံဖိုင်နဲ့ သူတို့က အဲဒီလိုနှိပ်စက်တတ်တဲ့အကြောင်း သန္တာလှိုင်ရဲ့ သွေးသားတော်စပ်သူပြောထားတာဆိုတဲ့ အသံဖိုင်ကို လူ့စည်းကမ်း Facebook တစ်ခုမှာ တင်ထားခဲ့တာပါ။

သန္တာလှိုင်လင်မယား နှိပ်စက်ခံ အဲ့ဒီ အိမ်ဖော် အမျိုးသမီးဟာ မော်ဒယ်သန္တာလှိုင်ရဲ့ ယိုးဒယားကျွန်းပေါ်က အိမ်အထိ သွားအလုပ်လုပ်ခဲ့တာဖြစ်ပြီး ရန်ကုန်ထက် လစာပိုပေးမယ်ပြောလို့ သွားလုပ်တာဖြစ်ကြောင်းနဲ့ ထိုင်းမှာကျတော့ လစာမတိုးပေးသလို တစ်ခါတလေ မိုးလင်းတဲ့အထိ မအိပ်ရ၊ သူတို့လင်မယား စိတ်မကြည်ရင် သန္တာလှိုင်က ဆဲဆိုသလို သူ့အမျိုးသားကလည်း နားထင်ကို လက်သီးနဲ့ ထိုး ကော်ဖီပူနဲ့ ခေါင်းပေါ်ကနေ လောင်းချ၊ သန္တာလှိုင်တို့ ဇနီးမောင်နှံက ဆဲဆိုရိုက်နှက်သလို ထမင်းကို ခွေးစာခွက်ထဲ ထည့်ကျွေး၊ခွေးအပေါ့သွားထားတဲ့ ခွေးအိပ်ရာမှာ အိပ်ခိုင်းတယ်လို့ လူမဆန်စွာ နှိပ်စက်တာတွေကို ပြောခဲ့တာလည်းဖြစ်ပြီး အဲဒီလို အခုစွပ်စွဲချက်တွေအပေါ် အချိန်တန်မှဖြေရှင်းပါ့မယ်လို့ သန္တာလှိုင်က ဒီနေ့ ရေး သားခဲ့တာပါ။

သန္တာလှိုင်လင်မယားက အိမ်ဖော်အားနှိပ်စက်မှု ကနဦးသတင်းဖတ်ရှုရန်

https://m.facebook.com/story.php?story_fbid=241802392138619&id=100089265783140&mibextid=Nif5oz

Leave a Reply

Your email address will not be published. Required fields are marked *