October 18, 2024

MT News

Written By Thandar

ဒါရိုက်တာ ကျော်ဗိုလ်ဗိုလ်သာ ရိုက်ကူးမယ့် မူးယစ်ဆေး ပညာပေး မိသားစုဒရာမာပုံစံ “သူစေညွှန်ရာ” ဇာတ်ကား မိတ်ဆက်ပွဲအခမ်းအနားကို ဇူလိုင် ၂၃ ရက် မွန်းလွဲပိုင်းက M3 Food Center မှာ ကျင်းပခဲ့ပါတယ်။

“‌Thu Khu Ma Academy ရဲ့ စတုတ္ထမြောက် ဇာတ်လမ်းတွဲဖြစ်တဲ့ သူစေညွှန်ရာကို ရိုက်ကူးမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပါ၀င်မယ့်သူအားလုံးဟာ ကျွန်တော်တို့ သုခုမ အကယ်ဒမီ သင်တန်းသား၊ သင်တန်းသူတွေပါ၀င်ကြမှာပါ။ မင်းသားသစ် Tommy Han အပြင် ပါ၀င်ကြမယ့်သူအားလုံးကလည်း သရုပ်ဆောင်အလုပ်ကို တကယ်ဝါသနာပါတဲ့သူတွေပဲဖြစ်ပါတယ်။ အားလုံးကလည်း ကြိုးစားကြတဲ့သူတွေဖြစ်လို့ ဇာတ်ကားလေး ထွက်လာရင်လည်း အားပေးကြပါလို့ ပြောချင်ပါတယ်” လို့ ဒါရိုက်တာ ကျော်ဗိုလ်ဗိုလ်သာက ပြောပါတယ်။

Thu Khu Ma Academy Film Production က စီစဉ်တဲ့ ဒီဇာတ်ကားမှာ အကယ်ဒမီ ဒေါ် မြတ်မွန်၊ Tommy Han ၊ Nora Moe၊ ခန့်ကျော် ၊ သော်တာနွယ်ဇင် ၊ညယွန်းချယ်ရီ၊ ဘုန်းမြတ်သိင်္ခ၊ ဇူးနေခြည်ရွှန်းလက်၊ အိန္ဒြာကျော်မင်း၊ နန်းမေမြတ်နိုး၊ နှင်းအက္ခရာ၊ အိသဉ္ဇာဦး၊ ထက်ထက်၊ ဆုစံ၊ နှင်းထက်မြတ်ဝေ၊ သင်းရတနာ၊ ခိုင်သဇင်ကို၊ သက်မှူးနွယ်၊ နန်းပပနဲ့ သုခုမအကယ်ဒမီသရုပ် ဆောင်သင်တန်းသား/သူတွေက ပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။

မူးယစ်ဆေး ဖြစ်ပေါ်ခဲ့တဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ မိသားစုပညာပေး ဒရာမာပုံစံ သူစေညွှန်ရာ ဇာတ်ကားကို ဩဂုတ်လ ၅ ရက်ကစတင်ပြီး ရန်ကုန်မြို့ သန်လျင်မြို့နယ် အနီးတဝိုက်မှာ ရိုက်ကူးသွားမှာဖြစ်ပါတယ်။

“ဒီဇာတ်ကားထဲမှာ ပါဝင်ဖို့ ဒါရိုက်တာက ကမ်းလှမ်းတဲ့အတွက်လည်း တကယ်ကို ဝမ်းသာပါတယ်။ ပါဝင်မယ့်သူအားလုံးကိုလည်း အမေ့အနေနဲ့ တတ်နိုင်သမျှ ပြောဆိုဆုံးမထားပါတယ်။ အိုက်တင်ပိုင်းမှာ အလွန်အကြူးပုံစံအတိုင်း မလုပ်ဘဲ သဘာဝပုံစံအတိုင်း သရုပ်ဆောင်ဖို့ အမေက ဘေးကလိုအပ်တာတွေ ထောက်ပြပေးမယ် သင်ပေးဖို့လည်း ပြောထားပါတယ် “လို့ အကယ်ဒမီဒေါ်မြတ်မွန်က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *