MT News
Written By Thandar
အလှမယ်လောက Grooming and Modelling သင်ကြားရေးနယ်ပယ်ပိုင်းမှာ အတွေ့အကြုံရင့်ဆရာမတစ်ဦးဖြစ်တဲ့ အလှမယ်အိမ့်မြတ်ချယ်နဲ့ Corporate training အတွေ့အကြုံရှိ လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်တဲ့ Mrs. Universe Myanmar အလှမယ်မေသင်းကြည်တို့ ကိုယ်တိုင်သင်ကြားပေးမယ့် Confident and Smart Academy သင်တန်းကျောင်းကို ဇူလိုင် ၂၃ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ Tawwin Center ပထမထပ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။
“မေသင်းတို့ မြန်မာလူမျိုးတွေက နေရာတစ်ခုကို တိုးဝင်ဖို့ ရှက်ကြောက်တတ်ကြတယ်။ ဒါကြောင့် အနုပညာလုပ်ငန်းပဲဖြစ်ဖြစ်၊ Miss လောကပဲဖြစ်ဖြစ်၊ စီးပွားရေး လုပ်ငန်းပိုင်းမှာပဲဖြစ်ဖြစ်၊ Hotel လုပ်ငန်းပိုင်းပဲဖြစ်ဖြစ်ပေါ့။ ဒီရှက်ကြောက်ရွံ့မှုတွေ တစ်ယောက်နဲ့ တစ်ယောက် Confidence ရှိရှိ လုပ်ကိုင်နိုင်ဖို့အတွက် ဒီသင်တန်းကို ဖွင့်လှစ်တာလည်းဖြစ်ပါတယ်”လို့ Mrs. Universe Myanmar မေသင်းကြည်က ပြောပါတယ်။
ဒီသင်တန်းဟာ Personal Grooming ဖြစ်တဲ့ ကိုယ်ရည်ကိုယ်သွေး တောက်ပစေဖို့အတွက် Personal Etiquette ဖြစ်တဲ့ လူမှုအသိုင်းအဝိုင်းကြား တင့်တယ်စွာနေထိုင်နည်းတွေ၊ Personal Branding and Professional Image ဖြစ်တဲ့ အောင်မြင်သူတိုင်းမှာရှိတဲ့ မိမိရဲ့အဆင့်အတန်း/ဖြစ်တည်မှုပုံရိပ်ကို တည်ဆောက်ဖို့အတွက် ရည်ရွယ်ဖွင့်လှစ်တာလည်းဖြစ်ပါတယ်။
Management level ကိုရောက်ရှိနေတဲ့ ပညာရှင်တွေ Service ပေးတဲ့လုပ်ငန်းနယ်ပယ်တွေဖြစ်တဲ့ Hotels, Airports, Bank, Restaurants, International companies စတဲ့ မြင့်မားတဲ့လူမှုနယ်ပယ်တွေ သင်ကြားပေးမယ့်အပြင် Professional Skills၊ First Impression နဲ့ Soft Skills ပိုင်းဆိုင်ရာအပြင် မိမိကိုယ်ကိုမိမိ ယုံကြည်မှု (Self- confidence) ၊ ကိုယ်ရည်ကိုယ်သွေး (Personality)၊စမတ် (Smart) ကျကျအဆင့်အတန်းရှိရှိ နေတတ်၊ ထိုင်တတ်၊ ပြောတတ်ဆိုတတ်၊ စားတတ်သောက်တတ်ဖို့အတွက် အမူအကျင့်ပိုင်းဆိုင်ရာနဲ့ လိုက်နာရမယ့် ကျင့်၀တ်တွေကိုလည်း သင်ကြားပေးမယ်လို့ သိရပါတယ်။