
MT News
Writtern by Min Mahar
ရွှေဘိုမြို့နယ်၊ ညောင်ပင်လှကျေးရွာတွင် နေထိုင်သောကလေးငယ်အပါအဝင် လူ ၄ ဦး PDF အဖွဲ့များ ပစ်ခတ်ခဲ့သော လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိမှု ယမန်နေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇူလိုင်လ ၂၃ ရက်နေ့)မွန်းလွဲ ၁ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ညောင်ပင်လှကျေးရွာတွင် နေထိုင်သည့် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးနှင့် ၉ နှစ်အရွယ်အမျိုးသမီးငယ်တို့သည် ကျေးရွာအတွင်းနေအိမ်၌ရှိနေစဉ် PDF အဖွဲ့များ ပစ်ခတ်လိုက်သော လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ရွှေဘိုမြို့၊ အမှတ်(၅) ရပ်ကွက်၊ မင်းရပ်(ဒေသအခေါ်)ရှိ ရွှေဘိုပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်ခတ်ရမှုကြောင့် အသက် ၄၁ နှစ်အရွယ်ရှိသည့် အမျိုးသားအား ဝဲဘက်နံရိုးမိုင်းစထိမှန်ဒဏ်ရာ ၁ ချက် (စိုးရိမ်ရ)၊ အသက် ၅၃ နစ်ခန့်ရှိသည့် အမျိုးသားကြီးတွင် ဝဲဘက်ပါး မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)၊ အသက် ၃၀ နှစ်အရွယ်အမျိုးသမီးတွင်မူ ဝဲဘက်ခြေသလုံး မိုင်းစထိမှန်ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)နှင့် အသက် ၉ နှစ်အရွယ်အမျိုးသမီးငယ်လေး၏ ဝဲဘက်ခြေသလုံးကို မိုင်းစထိမှန်သွားသည့်ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)စသည်ဖြင့် ဒဏ်ရာများအသီးသီးရရှိခဲ့ကြောင်း သိရသည်။


