October 18, 2024

၂၂. ၇. ၂၀၂၃
Written by Min Mahar

ချောင်းဦးမြို့မရဲစခန်းမှ ကိုယ်ဝန်လွယ်ထားသည့် ရဲတပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးသည် ယမန်နေ့မွန်းလွဲပိုင်းက မိခင်အိမ်သို့ ခေတ္တပြန်စဉ် PDF ငါးဦးရောက်လာပြီး ဖမ်းဆီးခေါ်​ဆောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၂၁ ရက်နေ့(ယမန်နေ့)မွန်းလွဲ ၂ နာရီကျော်က စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၊ မြို့မရပ်ကွက်ရှိ ချောင်းဦးမြို့မရဲစခန်း၌ တာဝန်ထမ်းဆောင်နေသော ကိုယ်ဝန် ၅ လခန့်ရှိသည့် အသက် ၂၅ နှစ်အရွယ် ရဲဒုတိယတပ်ကြပ် အမျိုးသမီး ၁ ဦးသည် ချောင်းဦးမြို့၊ မြို့သစ်ရပ်ကွက်၊ နေရှင်နယ်ရပ်ရှိ မိခင်ဖြစ်သူ၏နေအိမ်သို့ ခေတ္တပြန်စဉ် PDF အဖွဲ့မှ အမျိုးသား ၅ ဦးက ဆိုင်ကယ် ၃ စီးဖြင့် လက်နက် ကိုယ်စီကိုင်ဆောင်ကာ ရောက်ရှိလာပြီး ရဲတပ်ဖွဲ့ဝင် အမျိုးသမီးကို ချောင်းဦးမြို့၏မြောက်ဘက် ၃ မိုင်ခန့်အကွာခန့်ရှိ ချောင်းဦးမြို့နယ်၊ ပဲပြစ်တောကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ထိုဖြစ်စဉ်နှင့်ပတ်သတ်၍ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ပိတ်ဆို့ကာ လိုက်လံစုံစမ်းနေကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *