October 18, 2024

၂၂. ၇. ၂၀၂၃
Written by Naing Thuta

မိုးညှင်းမြို့တွင် ဆိုင်ကယ်သူခိုး ၃ ဦးအား သက်သေခံ ပစ္စည်းနှင့်အတူ ၆ နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၂၀ ရက် မွန်းလွဲ ၁၂ နာရီကျော်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ အောင်သပြေ(၂)ရပ်ကွက်၊ အိမ်အမှတ် (၄၆) နေအိမ်ရှေ့ ခြံဝင်းအပြင်ဘက်၌ရပ်ထားသော အမျိုးသားတစ်ဦး၏ဆိုင်ကယ် ပျောက်ဆုံးသွားသဖြင့် နယ်မြေခံရဲစခန်းသို့ တိုင်တန်းအမှုဖွင့်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံရှာဖွေစစ်ဆေးခဲ့ရာ မိုးညှင်းမြို့၊ ရေလည်ကျွန်းရပ်ကွက်တွင် နေထိုင်သူများဖြစ်သည့် အသက် ၂၀ ကျော် အမျိုးသားလူငယ် ၃ ဦးကို ခိုးယူသွားသောဆိုင်ကယ် (သက်သေခံပစ္စည်း) နှင့်အတူ အဆိုပါပျောက်ဆုံးသည့်နေ့ ည ၇ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းဆိုင်ကယ်သူခိုး ၃ ဦးကို မိုးညှင်းမြို့၊ မြို့မရဲစခန်းမှ (ပ) ၆၁/၂၀၂၃၊ ပုဒ်မ ၃၇၉/၁၁၄ ဖြင့် အမှုဖွင့်ဖမ်းဆီးကာ အရေးယူဆောင်ရွက်ထားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးပြောပြချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *