October 18, 2024

၂၂. ၇. ၂၀၂၃
Written by Naing Thuta

အမရပူရမြို့နယ်၊ တောင်လေးလုံးကျောင်းတွင် ယမန်နေ့မနက်ပိုင်းက မန္တလေးမြို့ခံစာပေသမားများက စုပေါင်း၍ ဆရာညီပုလေးကွယ်လွန်ခြင်း(၁)လပြည့်အမှတ်တရအဖြစ်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း မြို့ခံစာပေစာပေချစ်သူတစ်ဦးထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်လေးကျောင်းတိုက်၊ သူဌေးဘုရားရင်ပြင်တော်တွင် ယမန်နေ့(ဇူလိုင်လ၂၁ ရက်နေ့)မနက်ပိုင်းက မန္တလေးမြို့ခံစာပေသမားများက စုပေါင်း၍ ဆရာညီပုလေး ကွယ်လွန်ခြင်း(၁)လပြည့် အမှတ်တရအဖြစ် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။

“မနေ့က ကျွန်တော်တို့ စာပေသမားတွေစုပေါင်းပြီးတော့ ဆရာညီပုလေး ကွယ်လွန်ခြင်းတစ်လပြည့်အမှတ်တရအဖြစ် အမရပူရတောင်လေးကျောင်းတိုက်မှာ နေ့ဆွမ်းဆပ်ကပ်ခဲ့ပါတယ်။ တက်ရောက်လာတဲ့ ဧည့်ပရိတ်သတ်တွေကိုလည်း ဆရာ့အမှတ်တရ ပန်းဖလက်တွေပါ ဝေပေးတယ်။ ကျွန်တော်တို့က ဆရာရောက်လေရာဘဝမှာ ကုသိုလ်တွေရပြီး ကောင်းရာဘုံဘဝသို့ ရောက်အောင်လို့ အခုလိုနိုင်သလောက်လေး စုပေါင်းကုသိုလ်ပြုခဲ့တာပါ။ တန်ဖိုးမဖြတ်နိုင်တဲ့ ဆရာ့ကို ကျွန်တော်တို့အမြဲအမှတ်ရနေမှာပါ”ဟု ပွဲတက်ရောက်ခဲ့သည့် မြို့ခံစာပေစာပေချစ်သူတစ်ဦးက MT News သို့ ပြောသည်။

အဆိုပါလှူဒါန်းပွဲသို့ ဆရာညီပုလေးကို ချစ်ခင်မြတ်နိုးတန်ဖိုးထားသူများဖြစ်ကြသည့် ၈၈ မျိုးဆက်ကျောင်းသားဟောင်း ကိုမြအေး၊ စာရေးဆရာ ဆူးငှက်၊ စာရးဆရာ သင့်နော်၊ မြို့ခံစာပေချစ်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *