October 18, 2024

ဓာတ်ပုံ-ရှင်သန်ရေးလူမှုကူညီရေးအသင်း

၂၂ .၇. ၂၀၂၃
Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဦးထောင်ဗိုလ်အဝိုင်းအနီး၊ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ မနေ့က ဇူလိုင်လ ၂၁ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က ယာဥ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရှင်သန်ရေး လူမှူကူညီရေးအသင်းကနေ သိရပါတယ်။

ဖြစ်စဥ်မှာ အဝိုင်းကို ပတ်လာတဲ့ Pajero ယာဥ်က Probox ယာဥ်နဲ့ ချိတ်မိတာကနေ တစ်ဖက် လမ်းကြောပေါ် ရောက်ပြီး မျက်နှာချင်းဆိုင်ကလာတဲ့ Toyota Caldina အနက်ရောင်ယာဥ်နဲ့ ခေါင်းချင်းဆိုင် တိုက်မိတာဖြစ်တယ်လို့ မြေပြင်သို့ သွားရောက်ကာ အကူအညီပေးခဲ့တဲ့ ရှင်သန်ရေး လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက MT News ကို ပြောပါတယ်။

“Caldinaပေါ်က မိန်းကလေး သုံးယောက်ကတော့ အသက် ၂၀ ကနေ ၂၅ နှစ်ကြားတွေပဲလို့ ခန့်မှန်းရပါတယ်။ နာကျင်ဒဏ်ရာတွေတော့ ရသွားတယ်။ Air Bag က နှစ်စီးလုံးပွင့်သွားတာမို့ ကြီးကြီးမားမား ဒဏ်ရာမရကြပေမယ့် မိန်းကလေးတွေရဲ့ ဓာတ်မှန်ဆေးစစ် အဖြေတွေတော့ စောင့်ကြည့် စစ်ဆေးမှ စိတ်ချရမယ့်အနေအထားပါ။ Pajero ပေါ်မှာတော့ ကျွန်တော်တို့ အသင်းအဖွဲ့တွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေရောက်တော့ မူးနေတဲ့ အမျိုးသားတစ်ဦးပဲ ကားနောက်ခန်းမှာတွေ့တယ်”လို့ MT News ကို ပြောပါတယ်။

ကားနှစ်စီးစလုံးက ဒဏ်ရာရသူတွေကို ရန်ကုန်ဆေးရုံကြီး၊ အရေးပေါ် ကုသရေးဌာနကို ပို့ဆောင်ပေးပြီး၊ ယာဉ်တွေ မီးလောင်မှုမဖြစ်အောင် ဘတ္ထရီအိုး ဝါယာကြိုးဖြတ်တောက်ပေးတာတွေ YRO အဖွဲ့က ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ရှင်သန်ရေးလူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *