October 18, 2024

၂၁. ၇ . ၂၀၂၃
Written By Thandar

Horror ၊ Suspense ၊ Thriller အမျိုးအစားပုံစံ “စာရွက်တံခါး” ရုပ်ရှင်ဇာတ်ကားကြီး Premier Show ပွဲကို ဇူလိုင် ၂၀ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“Horror ၊ Suspense နဲ့ Thriller ဇာတ်လမ်းအမျိုးအစားလေးပါပဲ။ ကေဇာနေရာက လွန်ခဲ့တဲ့ ၃ နှစ်ကျော်ထဲက ကျွန်တော်တို့ ဇာတ်လမ်းစရေးထဲက ဒီနေရာက ဘုန်းသီရိကျော်နဲ့ လိုက်ဖက်မယ်လို့ အစောထဲကတွေးထားတယ်။ သူ့ကို အရင်ရွေးချယ်ထားတယ်။ သူနဲ့ ဇာတ်လမ်းကလည်း ကွက်တိကျနေတာမို့ စရွေးခဲ့တာပါ” လို့ ဒါရိုက်တာ ထွဋ်တင့်ထွန်းက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-20_20-26-10-3-666x1024.jpg

YM Production နဲ့ Majesty Film Studio တို့က လွန်ခဲ့တဲ့ ၃ နှစ်ကျော် ၄ နှစ်လောက်ကတည်းက ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို ဖန်တီးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအချိန် Romance နဲ့ Drama ရိုက်ကူးမှုတွေ များလာတဲ့အတွက် ကြည့်ရှုတဲ့ပရိသတ်တွေ အပြောင်းအလဲဖြစ်စေမယ့် ထိတ်လန့် ရင်ခုန်စရာဇာတ်လမ်းတွေကို ဖန်တီးဖြစ်တယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-20_20-26-10-1024x579.jpg

“ ကေဇာဆိုတဲ့ ဆယ်ကျော်သက်ရွယ် ကောင်မလေးတစ်ယောက်ပုံစံ သရုပ်ဆောင်ထားတယ်။ ရုံထဲမှာ ကြည့်နေရင်း ခြေဖျားလက်ဖျားတွေ တော်တော်လေးကို အေးတယ်။ ပရိသတ်တွေအကြိုက်တွေ့ပါမလား စိုးရိမ်မိတယ်။ ဒီရုပ်ရှင်ကားက ညီမရဲ့ ပထမဦးဆုံး ရုပ်ရှင်ကားကြီးလည်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ စာအုပ်က ဒီကောင်မလေးဆီကို ရောက်လာတယ်။ နောက်ပိုင်း ဒရာမာအခန်းမှာ သေချာလေး ကြိုးစားထားပါတယ်” လို့ သရုပ်ဆောင် ဘုန်းသီရိကျော်က ပြောပါတယ်။

“စာရွက်တံခါး”ရုပ်ရှင်ဇာတ်ကားကို ဇာတ်လမ်း ပိုင်စိုးသူမောင်က ရေးသားပြီး ဒါရိုက်တာ ထွဋ်တင့်ထွန်းက သရုပ်ဆောင်တွေဖြစ်တဲ့ ဘုန်းသီရိကျော်၊ အာဒံဦး၊ မင်းသူ၊ ဇင်မျိုး၊ ကျော်ထက်၊ သိန်းလင်းစိုး၊ အကယ်ဒမီ ခင်ဇာခြည်ကျော် ၊ ဆုထက်ကုဋေ တို့နဲ့ ရိုက်ကူးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *