October 18, 2024

◾ Social media ပေါ်က တရားမဝင် ဖြန့်နေတဲ့ မမှန်သတင်းတွေနဲ့ပတ်သက်လို့ ဥပဒေကြောင်းအရ ဖြေရှင်းဆောင်ရွက်မယ်ဆိုတဲ့ သန္တာလှိုင်

MT News

Written By Thandar

မော်ဒယ် သန္တာလှိုင်တို့ ဇနီးမောင်နှံက အိမ်အကူအမျိုးသမီးကို နှိပ်စက်ခဲ့တယ်ဆိုတဲ့ အသံဖိုင် လူမှုကွန်ရက်မှာ ပြန့်နှံ့နေတဲ့ အကြောင်း MT News ရဲ့ #mtnews_fb_တခွင် အနေနဲ့ ဖော်ပြလိုက်ပါတယ်။

အဆိုပါ သတင်းနဲ့ပတ်သက်ပြီး သန္တာလှိုင်ကို ဆက်သွယ်မေးမြန်းခဲ့ရာ Social media ပေါ်က တရားမဝင် ဖြန့်နေတဲ့ မမှန်သတင်းတွေနဲ့ပတ်သက်လို့ ဥပဒေကြောင်းအရ ဖြေရှင်းဆောင်ရွက်သွားမယ် ပရိသတ်သိအောင် အတိအလင်းပြန်ပြောလာတာဖြစ်ပါတယ်။

ဒီနေ့ ဇူလိုင်လ ၂၀ ရက်မှာ မော်ဒယ် သန္တာလှိုင်တို့ ဇနီးမောင်နှံဟာ အိမ်အကူ အမျိုးသမီးဖြစ်သူကို နှိပ်စက်တယ်လို့ ဆိုတဲ့ အသံဖိုင် ပြန့်နေတာပါ။ အိမ်အကူ မစန်းစန်းမြင့်ဆိုတဲ့ အမျိုးသမီးက ပြောတဲ့ အသံဖိုင်နဲ့ အိမ်အကူ အမျိုးသမီး ပြောထားတဲ့ ရုပ်သံဖိုင်ကို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာတစ်ခုဖြစ်တဲ့ လူ့စည်းကမ်း မှာ တင်ထားခဲ့တာပါ။

အဲ့ဒီ အမျိုးသမီးဟာ မော်ဒယ်သန္တာလှိုင်ရဲ့ ယိုးဒယား ကျွန်းပေါ်က အိမ်အထိ သွားအလုပ်လုပ်ခဲ့တာ ဖြစ်ပြီး ရန်ကုန်ထက် လစာပိုပေးမယ်ပြောလို့ သွားလုပ်တာဖြစ်ကြောင်းနဲ့ ဟိုကျတော့ လစာမတိုးပေးသလို တစ်ခါတလေ မိုးလင်းတဲ့ အထိ မအိပ်ရသလို သူတို့ စိတ်မကြည်ရင် မော်ဒယ် သန္တာလှိုင်က ဆဲဆိုသလို သူ့ အမျိုးသားကလည်း နားထင်ကို လက်သီးနဲ့ လက်သီးနဲ့ ထိုး ကော်ဖီပူနဲ့ ခေါင်းပေါ်ကနေ လောင်းချတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

သူတို့ ဇနီးမောင်နှံကလည်း အတူတူ ဆဲဆိုရိုက်နှက်သလို ထမင်းကို ခွေးစာခွက်ထဲ ထည့်ကျွေး ခွေးအပေါ့သွားထားတဲ့ ခွေးအိပ်ရာမှာ အိပ်ခိုင်းသလို မနေနိုင်လို့ ပြန်တော့လည်း ခရီးစရိတ် ရှစ်သိန်းခွဲကို သန္တာလှိုင်တို့ကို ပြန်ပေးလိုက်ရတယ်လို့ ပြောထားတာပါ။

ဒီအကြောင်းကို တင်ထားတဲ့ ဖေ့စ်ဘွတ်ခ်ပေ့ချ်ကပဲ နောက်ထပ် အသံဖိုင်တစ်ခု တင်ထားတာဖြစ်ပြီး ဒီအသံဖိုင်ထဲက အမျိုးသားကတော့ ဒါဟာ ထိုင်းနိုင်ငံက ကော့စမွီကျွန်းမှာ ဖြစ်တာလို့ ဆိုထားတာလည်း ကြားရပါတယ်။

ဒါနဲ့ ပတ်သက်လို့ အိမ်အကူမစန်းစန်းမြင် ကိုယ်တိုင်ပါတဲ့ ဗွီဒီယို တစ်ခုကိုလည်း အဲ့ဒီပေ့ချ် က ဖော်ပြလာတာ တွေ့ရပြီး ဒီထဲမှာလည်း အခုပြောနေတာ လိမ်ပြောတာ မဟုတ်ပဲ အမှန်တရားကို ပြောတယ်လို့ အဲ့ဒီမှာ ပြောထားပြီး သူ့ညီမအပြင် အတူ နေခဲ့သူတွေလည်း ခံခဲ့ရတယ် လို့ အဲ့ဒီမှာ ပြောထားတာ မြင်ရပါတယ်။

ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ သန္တာလှိုင်တို့လင်မယားက ရိုက်နှက်နှိပ်စက်တယ်လို့ စွပ်စွဲသူတွေကပဲ မှန်သလား။ သန္တာလှိုင်တို့ ဇနီးမောင်နှံကပဲ စွပ်စွဲတဲ့သူတွေကို မမှန်မကန်ပြောနေကြောင်း ဖော်ထုတ်အရေးယူနိုင်မလားဆိုတာတော့ အားလုံးစောင့်မျှော်ကြည့်ရှုနေတာ အသေအချာပါ။

Leave a Reply

Your email address will not be published. Required fields are marked *