October 18, 2024

MT News

Written By Thandar

မိဘအပေါ် သိတတ်လွန်းပြီး ယဉ်ကျေးလိမ္မာတဲ့ “စန်းသော်တာရဲ့ မျိုးဆက်သစ်သမီးနှစ်ယောက်ဖြစ်တဲ့ ဆုသျှားလဲ့ဝင်းနဲ့ ချမ်းမြေ့ဖြိုးဝေတို့ရဲ့ ဒုတိယအကြိမ်မြောက်ပန်းချီပြပွဲ”ကို ဇူလိုင် ၂၀ ရက်မှာ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိတဲ့ KER Rendezous မှာ ကျင်းပခဲ့ပါတယ်။

“ပန်းချီကားတွေကိုတော့ ရေဆေးတွေ ဆီဆေးတွေနဲ့ အကောင်းဆုံးဖန်တီးထားပါတယ်။ သမီးကတော့ မြန်မာ့ယဉ်ကျေးမှုလက်ရာ ကနုတ်လေးတွေနဲ့ ပန်းချီရေးဆွဲရတာ ပိုသဘောကျပါတယ်။ ပြည်ပကျောင်းပြန်တက်ရင်တော့ Model Art ရေးဆွဲဖြစ်တာများပါတယ်။ ကိုယ့်စိတ်အရမ်းညစ်နေတဲ့အချိန်မှာ အခန်းတံခါးပိတ်ပြီး သီချင်းဖွင့်ပြီး စိတ်ကြိုက်ပန်းချီတွေ ရေးဆွဲဖြစ်ပါတယ်။ အိမ်ကိုလွမ်းရင်လည်း ပန်းချီတွေဆွဲဖြစ်ပါတယ်”လို့ မဆုသျှားလဲ့ဝင်းက MT News ကို ပြောပါတယ်။

ပန်းချီပြပွဲ အခမ်းအနားမှာ အနုပညာရှင်တွေဖြစ်တဲ့ သရုပ်ဆောင် ဆုပန်ထွာ၊ Makeup Artist ခင်စန်းဝင်း၊ ကိုသာဂိ၊ အဆိုတော် စိန်လင်း၊ ပိုင်သစ် စတဲ့ သူတွေ တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။

ဒီပန်းချီပြပွဲကို ဇူလိုင် ၂၀ ရက်ကနေ ၂၂ ရက်အထိ ၃ ရက်တိုင်တိုင် နံနက် ၁၀ နာရီကနေ ညနေ ၅ နာရီအထိ ကျင်းပမှာဖြစ်ပါတယ်။ အဆိုပါပန်းချီပြပွဲမှာ ပန်းချီဆရာကြီး မောင်သိန်းဝင်းရဲ့ ပန်းချီကား ၁၀၀ နီးပါးကိုလည်း ထည့်သွင်းပြသခဲ့ပြီး ပန်းချီကားတွေတန်ဖိုးအနေနဲ့ ကျပ် ၂ သိန်းကနေ ၇၅ သိန်းအထိ သတ်မှတ်ပြီး ရောင်းချပေးလျက်ရှိပါတယ်။

“ပန်းချီချစ်သူတွေအနေနဲ့ ပန်းချီကားတွေကြည့်ပြီး အားကျနေမယ့်အစား ကိုယ့်စိတ်ကြိုက်ခံစားချက်တွေနဲ့ ပုံဖော်ပြီး လက် တွေ့ရေးဆွဲလိုက်ပါလို့ ပြောချင်ပါတယ်။ ပန်းချီများများပိုဆွဲလေလေ ကိုယ့်အတွက် အလေ့အကျင့်ပိုရလေမို့ ကိုယ့်အတွက် Confidence ပိုရလေဖြစ်မှာပါလို့ ပြောချင်ပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *