October 18, 2024

၂၁. ၇. ၂၀၂၃

Translated by Tha Doe

MV Tung Sung ကုန်တင်သင်္ဘောဟာ မလေးရှားရေပြင်မှာ နစ်မြုပ်ခဲ့ပြီး မြန်မာသင်္ဘောသား ၄ ဦးအပါအဝင် ၉ ဦး ပျောက်ဆုံးနေတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေပါတယ်။

သင်္ဘောသား ကိုးဦးလိုက်ပါလာဖယ်ရှိတဲ့ MV Tung Sung ကုန်တင်သင်္ဘောဟာ မလေးရှားနိုင်ငံ Kuching မြို့နဲ့ Sebuyau မြို့အကြား Pulau Burung ရေပြင်အနီး နံနက် ၉ နာရီ ၄၀ ခန့်မှာ အဆက်အသွယ်ပြတ်တောက် တိမ်းမှောက်ခဲ့တယ်လို့ ယူဆရတာပါ။

MV Tung Sung ဟာ Pulau Burung အနောက်မြောက်ဘက် ရေမိုင် ၄ မိုင်လောက်မှာ တိမ်းမှောက်သွားကြောင်း သတင်းကို လက်ခံရရှိပြီး မွန်းလွဲ ၁ နာရီ ၂၀ မှာ ရှာဖွေကယ်ဆယ်မှုစတင်ခဲ့တယ်လို့ Malaysia Maritime Enforcement Agency (MMEA) Sarawak က ညွှန်ကြားရေးမှူး First Admiral Zin Azman Md Yunus က​ ပြောခဲ့ပါတယ်။

လက်ရှိမှာ မလေးရှားရေကြောင်းကင်းလှည့်သင်္ဘော KM Kota Kinabalu နဲ့ Kilat 35 တို့နဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသလို မလေးရှားလေတပ်ကလည်း ကူညီရှာဖွေနေတယ်လို့ Zin Azman က ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ မြန်မာသင်္ဘောသား ၄ ဦးဟာ ကိုသက်မင်းဇူလိုင်၊ ကိုရဲလင်းထက်၊ ကိုလှဝင်းထွန်း၊ ကိုထွန်းလင်းဦးတို့ဖြစ်ပြီး MV Tung Sung မှာပါတဲ့ အင်ဒိုနီးရှားသင်္ဘောသားတစ်ဦးကတော့ Lido Ali Purwanto ပါ။ ကျန်တဲ့ သင်္ဘောသားတွေဖြစ်တဲ့ Chieng Siew Ngiek, Wong Hua Wu, Maxwell Billy Stimba နဲ့ Stimba Chuit တို့ကတော့ မလေးရှားနိုင်ငံသားတွေဖြစ်ပြီး အားလုံးက အသက် ၂၀ နဲ့ ၅၂ နှစ်အကြား လူငယ်လူလတ်ပိုင်းတွေပါ။

ပျောက်ဆုံးသင်္ဘောသားတွေကို ဇူလိုင် ၂၀ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်မှာ စတင်ရှာဖွေခဲ့ပြီး ဇူလိုင် ၂၀ ရက် ညနေ ၇ နာရီအထိ လုံးဝမတွေ့ရှိသေးတာနဲ့ ရာသီဥတုကြောင့် ရှာဖွေမှုရပ်ဆိုင်းခဲ့ရသလို ဒီနေ့ ဇူလိုင် ၂၁ ရက် မနက် ၈ နာရီကျမှ ပြန်လည်ရှာဖွေမှု စတင်မယ်လို့ ရေတပ်ဗိုလ်မှူးချုပ်လည်းဖြစ်တဲ့ Zin Azman က ပြောခဲ့ပါသေးတယ်။

Ref, FMT, The Straits Times

Leave a Reply

Your email address will not be published. Required fields are marked *