
MT News
Translated by Htwe Ko Tun
ထိုင်းနိုင်ငံပါလီမန်မှာ အထက်လွှတ်တော်နဲ့အောက်လွှတ်တော်အမတ်တွေရဲ့ ဝန်ကြီးချုပ်လောင်း ပီတာကို ဒုတိယမြောက် မဲပေးအဆုံးအဖြတ်ပေးမှုကို ဇူလိုင် ၁၉ ရက် ညနေပိုင်းက ပြုလုပ်ခဲ့ရာမှာလည်း ပီတာအနေနဲ့ လုံလောက်တဲ့ထောက်ခံမဲမရရှိလို့ သူ့ရဲ့ ဝန်ကြီးချုပ်ဖြစ်ရေးကြိုးစားမှုက ထပ်မံရှုံးနိမ့်သွားခဲ့ပါပြီ။
ပထမအကြိမ်မဲပေးမှုမှာ ပီတာဟာ အထက်လွှတ်တော်အမတ် ၁၃ ယောက်ရဲ့ မဲပေးမှုနဲ့ ထောက်ခံမဲ ၃၂၄ မဲပဲရခဲ့ပြီး ဒုတိယအကြိမ်မှာလည်း ၃၂၄ မဲအောက်ပဲ ဆက်ရခဲ့တာကြောင့် လုံလောက်တဲ့ ၃၇၆ မဲရဖို့ သူမစွမ်းဆောင်နိုင်ခဲ့တာ သူ့ထောက်ခံသူတွေက အထက်လွှတ်တော်အမတ်တွေကို ဖိအားပေးခဲ့ပေမဲ့ အရာမထင်ခဲ့တာလည်း ပေါ်လွင်ခဲ့တာပါ။
ပီတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ ဇူလိုင် ၁၉ ရက် မနက်မှာပဲ ဆုံးဖြတ်ချက်ကြောင့် အောက်လွှတ်တော်အမတ်အဖြစ်ကလည်း ရပ်ဆိုင်းခံထားရပါသေးတယ်။
Ref-Thai PBS