October 18, 2024

MT News

Written By Thandar

အစားအသောက်တွေကို ကြိုက်ရာမှာစားပြီး ပိုက်ဆံနောက်မှရှင်းနိုင်တဲ့ မြန်မာ့ပထမဦးဆုံး အကြွေးစနစ်နဲ့ မှာစားနိုင်တဲ့ Quick Food Application မိတ်ဆက်ပွဲ အခမ်းအနားကို ဇူလိုင်လ ၁၉ ရက် နံနက် ၁၁ နာရီက ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ Pan Pacific Hotel မှာ ကျင်းပခဲ့ပါတယ်။

This image has an empty alt attribute; its file name is 348622070_240996432219215_6912145288905853953_n.jpg

“အစားအသောက်တွေကို ဆိုင်မတူပေမယ့် ၃ ဆိုင်လောက်ကို မှာစားလို့ရတယ်။ နောက် သဘောကျတာ တစ်ခုက ကိုယ့် ဆိုင်ကို ကြိုမရောက်ခင်ကတည်းက အစားအသောက်တွေကို ကြိုမှာထားလို့ရတာရှိတယ်။ တချို့ဆိုင်တွေက နာရီဝက်၊ တစ်နာရီလောက်စောင့်ရတာတွေရှိတယ်လေ။ အိမ်ကကြိုမှာထားပြီး ရောက်တာနဲ့ စားရုံပဲကို သဘောကျတယ်။အစားအသောက်အပြင် အရေးကြီးတဲ့ ပစ္စည်းတွေ စာရွက်စာတမ်းတွေကိုလည်း နေ့ချင်းပို့ပေးတဲ့ ဝန်ဆောင်မှုလည်းပါတော့ အရမ်းကောင်းပါတယ် “လို့ အဆိုတော် နေဝင်းက ပြောပါတယ်။

ဒီအခမ်းအနားကို အနုပညာရှင်တွေဖြစ်တဲ့ ဝတ်မှုံရွှေရည်၊ ဝါဆိုမိုးဦး၊ နန်းစုရတီစိုး၊ သင်ဇာ၊ ဖြိုးလေး၊ ဟိဏ်းသစ် ၊ မိတ်ကပ်လင်းလင်း၊ လာလီဇာ ၊ Zell Roland စတဲ့သူတွေ တို့တက်ရောက်ခဲ့ကြပါတယ်။

This image has an empty alt attribute; its file name is 356195741_240996398885885_678254266008736592_n.jpg

Quick Food Application မှာ မတူညီသောဆိုင်တွေက တပြိုင်နက်မှာယူနိုင်တဲ့ စနစ်၊ မိုဘိုင်းလ်ပိုက်ဆံ ပေးနိုင်တာတွေ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *