October 18, 2024

၂၀. ၇. ၂၀၂၃
Translated by Htwe Ko Tun

နယူးဇီလန်နိုင်ငံ၊ အော့ကလန်မြို့တွင် အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏ဖွင့်ပွဲ ပွဲစဉ်မစတင်မီ နာရီပိုင်း အလို၌ပင် သေနတ်သမားတစ်ဦး၏ပစ်ခတ်မှုကြောင့်ပစ်ခတ်သူအပါအဝင် လူသုံးဦးသေဆုံးခဲ့ရကြောင်း နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် ခရစ် ဟစ်ကင်းစ်က သတင်းစာရှင်းပွဲတစ်ခု၌ ပြောခဲ့သည်။

ဇူလိုင်လ ၂၀ ရက် နံနက်တွင် အသက် ၂၄ နှစ်ရှိသေနတ်သမားတစ်ဦးက Lower Queen Street လမ်းပေါ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုသို့ နယူးဇီလန်စံတော်ချိန် နံနက် ၇ နာရီ ၂၂ မိနစ်တွင် ဝင်လာခဲ့ပြီး ၎င်း၏သေနတ်ဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သတိပေးဥဩသံများမြည်လာခဲ့ပြီးနောက် သေနတ်သမားက အဆောက်အအုံလုပ်ငန်းခွင်ဘက်သို့ ပြေးလာခဲ့ပြီး ပစ်ခတ်မှုများပြုခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ကြေညာချက်တစ်ခုတွင် ဖော်ပြခဲ့သည်။

သေနတ်သမားက အပေါ်ထပ်များသို့ ဆက်လက်ရောက်ရှိလာပြီးနောက် ဓါတ်လှေကားလိုဏ်ခေါင်းတစ်ခုအတွင်း ဝင်ရောက်ခဲ့ရာ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်သမားများက ၎င်းအားဖမ်းဆီးနိုင်ရန် ကြိုးစားခဲ့ကြသည်။ သေနတ်သမားက ပစ်ခတ်မှုများထပ်မံပြုလုပ်ခဲ့ပြီးနောက် ၎င်းမှာလည်း အသေပစ်ခတ် ဖမ်းဆီးခြင်းခံခဲ့ရသည်။ သေနတ်သမား၏ ပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရခဲ့ပြီး ဒဏ်ရာရရှိသူများအနက် သုံးဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

မျက်မြင်တွေ့ရှိသူများက သေနတ်သမားမှာ Ankle Monitor Bracelet ခေါ် ပြစ်ဒဏ်ပေးခံရသူတချို့တွင် ၎င်း၏သွားလာလှုပ်ရှားမှုကို သိရှိနောက်ယောင်ခံလိုက်ကာထိန်းချုပ်နိုင်သည့်ကိရိယာကို ခြေချင်းဝတ်တွင် တပ်ဆင်ထားရကြောင်း ပြောခဲ့ကြရာ ၎င်းမှာ တစ်စုံတစ်ခုသောပြစ်မှုကြောင့် အဖမ်းခံရပြီးနောက် ရဲတပ်ဖွဲ့က ကန့်သတ်တင်းကြပ်မှုဖြင့် လွှတ်ပေးခံထားရသူ ဖြစ်နိုင်ကြောင်းသိရသည်။

၂၀၂၃ ခုနှစ် အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ဩစတြေးလျနိုင်ငံ မြို့ကြီး ငါးမြို့နှင့် နယူးဇီလန်နိုင်ငံ မြို့ကြီးလေးမြို့တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်မှ ဩဂုတ်လ ၂၀ ရက်ထိ ကျင်းပသွားမည်ဖြစ်သည်။

Reg—– People.com

Leave a Reply

Your email address will not be published. Required fields are marked *