October 18, 2024

၂၀. ၇. ၂၀၂၃
Written by Naing Thuta

နေအိမ်အပေါ်ထပ်ရှိအနောက်ခန်းတွင် တစ်လုံးထိုးဓာတ်ခဲအားသွင်းစက်အတွင်း အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းကာ နေအိမ် ၅ လုံး မီးထဲပါသွားမှု မန္တလေးတွင် ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းမီးသတ်ဦးစီးဌာနမှ သိရသည်။

ဖြစ်စဉ်မှာယနေ့(ဇူလိုင် ၂၀ ရက်)မနက် ၉ နာရီ ၃၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြား၊ ၃၉ လမ်းပေါ်ရှိ လပြည့်ဝင်း(လျှပ်စစ်ပစ္စည်းအဟောင်းပြုပြင်ရေးဆိုင်) အိမ်ပိုင်ရှင် ဒေါ်စန်းစန်းဝင်း (ကျောင်းဆရာမ(ငြိမ်း)နှင့် ညီမဖြစ်သူ ဒေါ်နန်းရီရီဆွေ၊တို့၏နေအိမ်၊ ပေ ၃၀၊ ပေ ၄၀ သွပ်မိုးထရံကာမြေစိုက်(၂)ထပ် နေအိမ်အပေါ်ထပ်ရှိအနောက်ခန်းတွင် တစ်လုံးထိုးဓာတ်ခဲအားသွင်းစက်အတွင်း အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းကာ နေအိမ် ၅ လုံး မီးထဲပါသွားခဲ့ကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-07-20_15-09-44-1024x768.jpg

အဆိုပါ မီးလောင်ကျွမ်းရာနေရာကို Level 1 အဆင့်သတ်မှတ်ပြီး တိုင်းမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်းနှင့် ခရိုင်မီးသတ်ဦးစီးမှူး လ/ထညွှန်ကြားရေးမှူး ဦးကျော်ကိုကိုပါ သန္ဓေမီးသတ် (၃၀)ဦး၊ အရန်မီးသတ် (၇၀)ဦး၊ မီးသတ်ယာဉ် အုပ်ချုပ်မှုယာဉ် (၃)စီး၊ မီးငြိမ်းသတ်ယာဉ်(၁၀)စီး၊ ရေသယ်ယာဉ်(၅)စီး၊ လူမှုရေးအသင်းအဖွဲ့များက ရေသယ်ယာဉ်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များပူးပေါင်း မီးငြှိမ်းသတ်ပေးခဲ့သဖြင့် ၉ နာရီ ၅၄ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၀ နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-07-20_15-09-42-2-1024x768.jpg

ယင်းမီးလောင်မှုကြောင့် အထက်ပါနေအိမ်နှင့် ကပ်လျှက် ဦးသိန်းကို၏ ပေ(၂၀-၄၀)RCနံကပ် ၂ ထပ်တိုက်နေအိမ်၊ ဦးချစ်ကို၏ပေ(၁၄-၂၀)နံကပ်ကျောက်ပြားကာနေအိမ်၊ ဒေါ်ဆွေဆွေအေး၏ပေ(၁၅-၂၅)ကျောက်ပြားကာ ၂ ထပ်နေအိမ်နှင့် ဦးမြင့်အောင်၏ပေ(၂၇-၂၇) သွပ်မိုးထရံကာ ၂ ထပ်နေအိမ် စုစုပေါင်း နေအိမ် ၅ လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဆုံးရှုံးမှုကာလ တန်ဖိုး စုစုပေါင်း ၂၁၉၃၈၀၀၀ ကျပ်ခန့် ဆုံးရှူံးပျက်စီးသွားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *