October 18, 2024

၂၀. ၇. ၂၀၂၃
Written By Thandar

MRTV – 4 ရုပ်သံလိုင်းတွေကနေ ဆိုင်းမိုင်လို လူသိများလာတဲ့ မင်းသမီးချောလေး ပိုးကြာဖြူခင်နဲ့ Jay တို့ရဲ့ ဇူလိုင် ၁၆ ရက်က ထွက်ရှိခဲ့တဲ့ “Without Me” သီချင်းဟာ ပရိသတ်အားပေးမှုများစွာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“ သူ့ဘက်က ကတိမတည်နိုင်ဘဲ ကတိလည်း မပေးနဲ့။ ကြောက်ပြီဆိုတဲ့ အကြောင်းအရာလေးပါတယ်။ ညီမရဲ့ သီချင်းကို ပရိသတ်တွေ အားပေးမှုဒီလောက်များမယ်လို့ မထင်မိဘူး။ “Without Me” သီချင်းလေးတင်ပြီးချိန်မှာ ၂၄ နာရီမပြည့်ခင်မှာဘဲ ကြည့်ရှု့အားပေးသူက တစ်သန်းအထိရှိလာခဲ့လို့ ဝမ်းသာပီတိလည်း ဖြစ်ရပါတယ်”လို့ သရုပ်‌ဆောင်ပိုးကြာဖြူခင်က ပြောပါတယ်။

သူမက သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ်အားပေးမှုရရှိခဲ့သလို ဂီတပိုင်းကို လျှောက်လှမ်းချိန်မှာလည်း ပရိသတ်အားပေးမှုကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။ ပိုးကြာဖြူခင်က လက်ရှိ ကိုယ်ဝန်နဲ့မို့ အနုပညာ သရုပ်ဆောင်ပိုင်းလှုပ်ရှားမှုတွေကို လတ်တလောမှာ ရပ်နားထားရတာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *