October 18, 2024

MT News

Written by Naing Thuta

အမရပူရမြို့နယ်တွင် စစ်ကိုင်းသို့သွားသော မီးရထားနှင့် မော်တော်ယာဉ်တစ်စီး တိုက်မိမှု ယမန်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၉ ရက်(အာဇာနည်နေ့) မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေရွာအုပ်စု၊ ရွှေခဲရွာ၊ ရွှေခဲရွာထိပ်သံလမ်းဆုံတွင် မန္တလေးစက်ခေါင်းရုံမှမောင်းနှင်လာသော မီးရထား(အမှတ် DD (969) အတွဲ(၂)တွဲသည် စစ်ကိုင်းမြို့၊ ထောင်ရွာသို့သွား​စဉ် ရွှေခဲရွာထိပ်သံလမ်းဆုံဖြတ်သွားသော အသက် ၂၈ နှစ်အရွယ်အမျိုးသားတစ်ဦး မောင်းနှင်သည့် Honda Fit အနက်ရောင်မော်တော်ယာဉ်ဖြင့် တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်မိမှုကြောင့် မော်တော်ယာဉ်မောင်းနှင်သူသည် ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာရရှိခဲ့ခြင်းမရှိသော်လည်း မော်တော်ယဥ်မှာမူ ကားဘော်ဒီအလယ်ချိုင့်ဝင်ကျိုးပဲ့၍ ကားအနောက်ညာဘက်ဘီးပေါက်ကွဲထွက်ခဲ့ကြောင်းနှင့် ဒေသခံနယ်မြေရဲစခန်းမှလည်း ယာဥ်မောင်းဖြစ်သူအား ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *