October 18, 2024

MT News

Written by Naing Thuta

ချမ်းမြသာစည်မြို့နယ်တွင် မီးရထားသံလမ်းဘေးတစ်လျှောက် ကျူးကျော်နေထိုင်သည့် ယာယီနေအိမ် ၄၂ လုံး ဇူလိုင်လ ၁၈ ရက်က ဖြိုဖျက်ခဲ့ရပြီး လူ ၁၈၀ ခန့်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၁၀၁ လမ်းမှ ၁၁၀ လမ်းထိ မီးရထားသံလမ်းဘေးတစ်လျှောက်တွင် ကျူးကျော်နေထိုင်နေသည့်သူများအား ဇူလိုင်လ ၁၈ ရက် မနက်ပိုင်းက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့မှ တာဝန်ရှိသူများက ဖြိုဖျတ်ရှင်းလင်းခဲ့ရာ အိမ်ခြေ ၄၂ လုံး (ယာယီနေအိမ် ၄၂ လုံး) အိမ်ထောင်စု ၄၂ စုမှ ကျား ၉၇ ဦး၊ မ ၈၃ ဦး၊ စုစုပေါင်း ၁၈၀ ဦးတို့အား ရှင်းလင်းခဲ့သဖြင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *