October 18, 2024

MT News

Written by Min Mahar

ရွှေဘိုမြို့တွင် လုံခြုံရေးပူးပေါင်းအဖွဲ့သည် မြို့ပေါ်ရပ်ကွက်များအတွင်း လုံခြုံရေးလှည့်ကင်းဆောင်ရွက်နေစဉ် PDF များထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲရာ ဒုရဲအုပ်တစ်ဦး မိုင်းစထိမှန်ကာ ဒဏ်ရာရရှိမှု ဇူလိူင်လ ၁၉ ရက် ညဦးပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇူလိူင်လ ၁၉ ရက် ည ၇ နာရီ ၁၀ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုမြို့တွင် လုံခြုံရေးပူးပေါင်းအဖွဲ့များသည် မြို့ပေါ်ရပ်ကွက်များအတွင်း လုံခြုံရေးလှည့်ကင်းဆောင်ရွက်နေစဉ် ရွှေဘိုမြို့နယ်၊ ရွှေဘို-မန္တလေးသွားကာလမ်း ရွှေဘိုမြို့အဝင်မုခ်ဦးအနီးနှင့် တဂဏန်းကျေးရွာအကြားသို့အရောက်တွင် မသင်္ကာဖွယ်ရာတွေ့ရှိသဖြင့် လိုက်လံကြည့်ရှုစစ်ဆေးနေစဉ်အတွင်း လမ်း၏ညာဘက်ခြမ်းမှ PDF အဖွဲ့များထောင်ထားသော လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့ရာ လှည့်ကင်း ဆောင်ရွက်နေသောလုံခြုံရေးတပ်ဖွဲ့ဝင်များထဲမှ ဒုရဲအုပ်တစ်ဦးအား မိုင်းစထိမှန်သွားကာ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ဒုရဲအုပ်တွင် ယာဘက်ခြေချင်းဝတ် မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်နှင့် ယာလက်ဖျံကိုပါ မိုင်းစထိမှန်သွားသည့်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)တို့ရရှိခဲ့သဖြင့် ရွှေဘိုပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံယူနေကြောင်း ရဲတပ်ဖွဲ့ဝင်များနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *