October 18, 2024

(ဓာတ်ပုံ- အမရဌာနီအရှေ့လူမှုကယ်ဆယ်ရေးအသင်း)

၂၀. ၇. ၂၀၂၃

Written by Naing Thuta

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ကျုံးအရှေ့ဘက်ခြမ်းရှိ ရေပြင်အတွင်းမှ အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းအား ယမန်နေ့မွန်းလွဲပိုင်းက တွေ့ရှိခဲ့ကြောင်း ကနဦးသတင်းများအရ အမရဌာနီအရှေ့လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင်လ ၁၉ ရက်နေ့)မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ကျုံးအရှေ့ဘက်ခြမ်း၊ လမ်း၂၀နှင့် ၂၂ လမ်းကြား၊ ၆၆ လမ်းပေါ်ရှိ ကျုံးရေပြင်အတွင်း၌ အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးနေသည်ဟု မြို့ခံတစ်ဦး၏ သတင်းပေးချက်အရ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူအမျိုးသမီးသည်အသက် ၃၀ နှစ်ခန့်အရွယ်ရှိသောအမျိုးသမီးတစ်ဦးဖြစ်နေပြီး ၎င်းအမျိုးသမီးသည် အနက်ရောင်ရှပ်အင်္ကျီ၊ အနက်ရောင်ဂျင်း ဘောင်းဘီဝတ်ဆင်လျက် ကျုံးရေပြင်အတွင်း သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ရုပ်အလောင်းအား အမရဌာနီအရှေ့လူမှုကယ်ဆယ်ရေးအသင်းမှ မော်တော်ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

This image has an empty alt attribute; its file name is 348636066_145236001927216_3582531700713459634_n.jpg

” အမျိုးသမီးတစ်ဦး ကျုံးရှေ့က ရေထဲမှာရေနစ်သေနေတယ်ဆိုတာ ဟုတ်ပါတယ်။ အဲ့ဒီအလောင်းကို ဆယ်လိုက်တော့ ပါးစပ်မှာ သွေးစတွေတွေ့ပြီးတော့ လက်နှစ်ဖက်ကိုလည်း ပတ်တီးလိုအဖြူနဲ့စီးထားပြီး ရေထဲမှာမှောက်လျက်သေနေတဲ့အလောင်းကို ဆယ်ယူခဲ့တာပါ။ ဘာလို့ဘယ်သူကသတ်တယ်ဆိုတာတော့မသိပါဘူး။ သက်ဆိုင်ရာရဲတွေက လိုက်လံစုံစမ်းနေတုန်းပဲ။ အခုထိတော့ ဘယ်သူဘယ်ဝါဆိုတာတော့ ဘာမှမကြားရသေးပါဘူး”ဟု သွားရောက်ဆယ်ယူရာတွင်ပါဝင်ခဲ့သည့်သူတစ်ဦးက ဆိုသည်။

(ဓာတ်ပုံ- အမရဌာနီအရှေ့လူမှုကယ်ဆယ်ရေးအသင်း)

Leave a Reply

Your email address will not be published. Required fields are marked *