October 19, 2024

ဓာတ်ပုံ - ဒီဃာယုလူမှုကူညီရေးအသင်း

၂၀. ၇. ၂၀၂၃
Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ ကန်တော်ကြီးဥယျာဉ် ပန်းကန်လုံးကျွန်းအနီး ရှင်ဥပဂုတ္တ ကျောင်း ဆောင် တံတားအောက်မှာ ဒီနေ့ ဇူလိုင် ၂၀ ရက် မနက် ၇ နာရီဝန်းကျင်က အမျိုးသားရုပ်အလောင်းတစ်ခု ပေါ်လာတာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေ စုံစမ်းကာ ကူညီရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူက အသက် ၄၅ နှစ်အရွယ်ဝန်းကျင်လို့ ခန့်မှန်းရပြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ ဗညားဒလ ယလမ်းမှာ အဒေါ်နဲ့အတူ တူဝရီး နှစ်ယောက်ထဲနေထိုင်တာလို့ သိရပါတယ်။ မနေ့က ဇူလိုင်လ ၁၉ ရက်နေ့မနက်ပိုင်းကတည်းက အိမ်ကထွက်သွားပြီး ပြန်မလာပေမယ့် အရင်ကလည်း အဲဒီလို သောက်သောက်စားစား သွားလာလည်ပတ်နေကြမို့ အဆက်အသွယ်မလုပ်ဖြစ်ခဲ့ဘူးလို့ မိသားစုဝင်ရဲ့ပြောပြချက်ကို ဒီဃာယုလူမှုကူညီရေးအသင်း တာဝန်ရှိသူက MT News ကို ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-20_14-28-13.jpg

“ကန်တော်ကြီး ပန်းကန်လုံးကျွန်း ရှင်ဥပဂုတ္တကျောင်း ဆောင်တံတားအောက်မှာ မှောက်လျက် သေဆုံးနေတဲ့ ပုံစံနဲ့ ပေါ်လာတာ။ ကျွန်တော်တို့ အသင်းအဖွဲ့တွေစုစည်းပြီး မိသားစုဝင်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးတာတွေလည်း လုပ်ပေးခဲ့ပါတယ်။ သောက်တတ် စားတတ်တယ်ပြောပေမယ့် ဘာလို့ရေထဲကျသေလဲတော့ သေချာမသိသေးဘူး” လို့ အဆိုပါ တာဝန်ရှိသူက MT News ကို ပြောပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို မင်္ဂလာတောင်ညွန့်မြိုနယ် လူမှုကူညီကယ်ဆယ်ရေးကွန်ရက် အသင်းတွေဖြစ်တဲ့ ဒီဃာယုကအသင်း၊ သပြေကုန်းအသင်း၊ ကျီတော်အသင်းများ၊ အဖြူရောင်ကမ်းလက် ဗိုလ်တစ်ထောင်အသင်းတို့က လာရောက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြပြီး အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးထားခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ဒီဃာယုလူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *