October 19, 2024

ဘက်ဂဒက်မြို့ရှိ ဆွီဒင်သံရုံးကို ဇူလိုင်လ ၂၀ ရက် က အကြမ်းဖက်တိုက်ခိုက်ဆန္ဒပြနေကြစဉ်

၂၀.၇.၂၀၂၃
Translated by Htwe Ko Tun

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့လယ်တွင်ရှိသော ဆွီဒင်နိုင်ငံ၏ သံရုံးကို ရာနှင့်ချီသော ဆန္ဒပြသမားများက ဇူလိုင်လ ၂၀ ရက် နံနက်အစောပိုင်းနာရီများက ဝင်ရောက်တိုက်ခိုက်ကာ သံရုံးအဆောက်အအုံ၏ နံရံများကိုတွယ်တက်ကြပြီးမီးရှို့မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ဆန္ဒပြသမားများက ဆွီဒင်နိုင်ငံတွင် ခိုရန်ကျမ်းမိတ္တူကို မီးရှို့ခဲ့မှုအ‌ပေါ် အကြမ်းဖက်ဆန္ဒပြမှုများပြုလုပ်လာကြခြင်းဟုလည်း သိရသည်။

ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးရုံးမှ ထုတ်ပြန်ချက်တစ်ရပ်တွင် သံရုံးတွင်းရှိ ဝန်ထမ်းများအားလုံးမှာမူ ဘေးအန္တရာယ်ကင်းခဲ့ကြကြောင်းသိရသည်။ အဆိုပါထုတ်ပြန်ချက်တွင် ဤကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှုကို ရှုတ်ချကြောင်းနှင့် အီရတ်အာဏာပိုင်များအနေဖြင့်လည်း သံတမန်အဖွဲ့အစည်းများကို ကာကွယ်မှုပြုရန်လိုအပ်ကြောင်း ဖော်ပြခဲ့သည်။

သတင်းဗီဒီယိုများတွင် ဘဂ္ဂဒက်မြို့၊ ဆွီဒင်သံရုံးဝင်းအတွင်းရှိ အဆောက်အအုံတစ်ခုမှ မီးခိုးများထွက်နေကာ ဆန္ဒပြသမားများက ထိုအဆောက်အအုံအမိုးပေါ်သို့တက်၍ မတ်တပ်ရပ်နေသည်ကိုတွေ့ကြရသည်။

ဆွီဒင်နိုင်ငံတွင် ရက်သတ္တပတ်အနည်းငယ်အတွင်း အစ္စလာမ် ခိုရမ်ကျမ်းပုံတူကို ဒုတိယမြောက်မီးရှို့ခဲ့ခြင်းအား ဆန္ဒပြရန် ရှီးအိုက်ဘုန်းတော်ကြီး Maqtada Sadr ကို ထောက်ခံသူများက တောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ Maqtada Sadr က အီရတ်နိုင်ငံ၏ ဩဇာအာဏာအကြီးဆုံးဘာသာရေးဆရာများအနက်မှ တစ်ဦးဖြစ်ကာ တစ်ခါတစ်ရံ ၎င်း၏ တောင်းဆိုအမိန့်ပေးမှုဖြင့် ဆန္ဒပြသမား သိန်းနှင့်ချီ၍ လမ်းပေါ်ထွက်ဆန္ဒပြကြရန်တောင်းဆိုခဲ့သည်ကို တွေ့ရသည်။

ခိုရန်ကျမ်းမိတ္တူအား အီရတ်နိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူတစ်ဦးဖြစ်သည့် အသက် ၃၇ နှစ်ရှိ ဆာလ်ဝန် မိုမီကာက ဇွန်လ ၂၈ ရက်တွင် စုတ်ဖြဲကာမီးရှို့မှုတစ်ရပ်ကို စတော့ဟုမ်းမြို့တွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုနေ့မှစ၍ ကမ္ဘာတစ်ဝန်းရှိ အစ္စလမ်ဘာသာဝင်များကလည်း ဆန္ဒပြမှုများပြုလုပ်ခဲ့ကြသည်။

ဆွီဒင်အစိုးရအနေဖြင့် စတော့ဟုမ်းမြို့ရှိ အီရတ်သံရုံးရှေ့တွင်အလားတူပင် အစ္စလမ်ဘာသာကိုဝေဖန်ပြောကြား မည့် လူထုဆွေးနွေးပွဲတစ်ရပ် ဇူလိုင်လ ၂၀ ရက်၌ ပြုလုပ်ရန် လျှောက်ထားချက်တစ်ရပ်ကို ခွင့်ပြုခဲ့ကြောင်း ဆွီဒင်သတင်းဌာန TT က ဇူလိုင်လ ၁၉ ရက် တွင် သတင်း ဖေါ်ပြခဲ့သည်။
Ref—-reuters, Tass

Leave a Reply

Your email address will not be published. Required fields are marked *