October 19, 2024

ဓာတ်ပုံ - ဦးလှမိုး(တာချီလိတ်)ပရဟိတအသင်း

၂၀. ၇. ၂၀၂၃
Written by Hey Mar

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မြို့အထွက် ဗျူဟာကုန်း အဆင်းမှာ ကားတစ်စီးက လမ်းဘေးဆုတောင်းစား သုံးဦးကို တိုက်ပြီးထွက်ပြေးသွားတာကြောင့် နှစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ် မနေ့က ဇူလိုင်လ ၁၉ ရက် ည ၁၁ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ ဦးလှမိုးတာချီလိတ်ပရဟိတအသင်းကနေ သိရပါတယ်။

ယာဉ်တိုက်မှုကြောင့် လမ်းဘေးမှာ တောင်းရမ်းစားသောက်ပြီး အိမ်ခြေမဲ့နေထိုင်တဲ့ လင်မယားနှစ်ဦး နေရာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး၊ ကျန် အမျိုးသားတစ်ဦးကတော့ သတိမေ့ကာ ပွန်းပဲ့ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဦးလှမိုးတာချီလိတ်ပရဟိတအသင်းက တာဝန်ရှိသူက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-20_13-15-30-3.jpg

တိုက်သွားတဲ့ကားကို အမျိုးအစားရော အရောင်ပါသေချာ မသိလိုက်ရဘဲ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆက်လက်စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ရုပ်အလောင်းတွေကိုတော့ ဦးလှမိုးတာချီလိတ်ပရဟိတ အသင်းပိုင်နိဗ္ဗာန်ယာဉ်နဲ့ စနစ်တကျသယ်ဆောင်ကာ တာချီလိတ်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ဦးလှမိုး(တာချီလိတ်)ပရဟိတအသင်း

Leave a Reply

Your email address will not be published. Required fields are marked *