October 19, 2024

သဘာဝ တရားရိပ်သာ ဆရာတော် နှင့် NLD နာယက သူရဦးတင်ဦးတို့ တွေ့ဆုံခဲ့စဉ်

၂၀. ၇. ၂၀၂၃
Written by Peya

ငြိမ်းချမ်းရေး အစည်းအဝေးလုပ်ရန် အစီအစဉ်ပါဝင်သည့် သဘာဝတရားရိပ်သာဆရာတော်၏ အမေရိကန်ခရီးစဉ်မှာ ယနေ့တွင် စတင်ခဲ့ကြောင်း ဆရာတော်၏ တပည့်တစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

သဘာဝတရားရိပ်သာဆရာတော် အရှင်ဥတ္တမသာရ၏ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် အမေရိကန် ခရီးစဉ်အကြောင်း ဖော်ပြ မိန့်ကြားထားသည့် ကိစ္စနှင့် ပတ်သက်၍ MT News သတင်းဌာနက မေးမြန်းရာတွင် အဆိုပါ တပည့်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဆရာတော်က အရင်ဆုံး ထိုင်းနိုင်ငံကို ကြွသွားတာပါ။ ဇူလိုင်လ ၂၀ ရက်(ဒီနေ့) မှ အမေရိကန်ကို ရောက်မှာ ဖြစ်ပါတယ်။ အဲ့ဒီမှာ လုပ်မယ့် အခြေအနေကိုတော့ သဘာဝတရားရိပ်သာ နဲ့ ပတ်သက်နဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ထုတ်ပြန်ဖို့ ရှိပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

ဇူလိုင်လ ၂၀ ရက်တွင် လော့စ်အင်ဂျလိစ်လေဆိပ်သို့ ရောက်ရှိမည် ဖြစ်ကာ USA ငြိမ်းချမ်းရေးအစည်းအဝေးနှင့် အမေးအဖြေများကို စိတ်ပါဝင်စားသူများနှင့်သီးသန့်ရော အများနှင့်​ပါ နှစ်မျိုးစလုံး ပြုလုပ်သွားမည် ဖြစ်ကြောင်း ဆရာတော်၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်စ်အကောင့်တွင် ဖော်ပြ မိန့်ကြားထားသည်။

ဆရာတော်၏ အမေရိကန်ခရီးစဥ်မှာ ၁၀ ရက် ကြာမြင့်မည် ဖြစ်ပြီး ဇူလိုင်လ ၃၁ ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်လည်ကြွရောက်တော်မူမည်ဖြစ်ကာ အဆိုပါနေ့ ညပိုင်း ၆ နာရီ အချိန်က စတင်ကာ ကထွန်းပင်မြို့ သဘာဝရိပ်သာတွင် ငြိမ်းချမ်းရေး အမေးအဖြေများကို စိတ်ဝင်စားသူများနှင့်ပြုလုပ်မည် ဖြစ်ကြောင်းလည်း ဆရာတော်က အသိပေးထားသည်။

သဘာဝတရားရိပ်သာဆရာတော်သည် EAOs ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံထားသည့်အပြင် မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဘက်ပေါင်းစုံက ဦးဆောင်နေသူများ နှင့်လည်း တွေ့ဆုံထားကာ ဒေါက်တာဇော်ဝေစိုးဦးဆောင်သော NUG အဖွဲ့ကို အမေရိကန်ထိ သွားရောက်တွေ့ဆုံသော်လည်း အတွေ့မခံခဲ့ကြောင်း ဇူလိုင်လ ၃ ရက်တွင် သဘာဝတရားရိပ်သာဆရာတော်၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာကတစ်ဆင့် ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *