October 18, 2024

၂၀. ၇. ၂၀၂၃
Written by Pan Ei

အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်ရှိ တောင်တန်းရွာတစ်ခုမှာ မိုးအဆက်မပြတ်ရွာသွန်းပြီးနောက် မြေပြိုကျမှုဖြစ်ပွားတာကြောင့် အနည်းဆုံး လူငါးဦး သေဆုံးခဲ့သလို ရေကြီးမှုကြောင့် ပိတ်မိနေခဲ့သူတွေလည်း ရှိခဲ့တယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ဒီနေ့ ( ဇူလိုင်လ ၂၀ ရက်) မှာ ပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမြို့တော် မွမ်ဘိုင်းကနေ ကီလိုမီတာ ၆၀ လောက် အကွာမှာရှိတဲ့ Irshalwadi ရွာမှာ မနေ့ညက ညလယ်ပိုင်းလောက်မှာ မြေပြိုမှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

“အဲ့ဒီမှာ စုစုပေါင်း မိသားစု ၄၈ စု နေထိုင်တယ်။ လူ ၇၅ ဦးကိုတော့ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ပြီး လူ ၅ ဦး သေဆုံးခဲ့ပါတယ်” လို့ ပြည်နယ်လက်ထောက်ဝန်ကြီးချုပ် Devendra Fadnavis က ပြောကြားခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-20_12-41-11.jpg

မနေ့ညက မြေပြိုမှုဖြစ်ပွားပြီးနောက် အပျက်အစီးတွေအောက်မှာ ပိတ်မိနေခဲ့ပြီး ကြောက်ရွံ့နေခဲ့ကြတဲ့ လူပေါင်း ၁၀၀ လောက်ကို ကယ်ဆယ်ရေးသမားတွေက မိုးသည်းထန်စွာရွာသွန်းနေတဲ့ကြားက အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေကယ်ဆယ်ခဲ့တယ်လို့ သိရပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အိန္ဒိယနိုင်ငံရဲ့ အချမ်းသာဆုံးပြည်နယ်ဖြစ်တဲ့ မဟာရက်ရှ်ထရာ အပါအဝင် မြို့တော် မွမ်ဘိုင်းမှာလည်း ကျောင်းတွေ​ပိတ်ထားခဲ့ရသလို လမ်းတွေပေါ်မှာလည်း ရေလျှံကာ ရထားလိုင်းပြေးဆွဲမှုတချို့လည်း ပြတ်တောက်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ မဟာရက်ရှ်ထရာ ပြည်နယ်အတွင်းရှိ ခရိုင်အများအပြားမှာ မိုးရေချိန် ၁၀၀ မီလီမီတာကျော်အထိ ရွာသွန်းခဲ့ပြီး နောက် ၂၄ နာရီအတွင်းမှာလည်း မိုးသည်းထန်စွာရွာသွန်းနိုင်ဖွယ်ရှိတယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *