October 18, 2024

၂၀. ၇. ၂၀၂၃
Written By Thandar

အနှောင်အဖွဲ့ သီချင်းနဲ့ ပရိသတ်အားပေးမှုရရှိထားတဲ့ တေးသံရှင် မီးနိုက ဖောက်ပြန်မှုဆိုတာ ကိုယ်ကိုယ်တိုင်ခံစားဖူးမှ သိတာဖြစ်သလို မီးနိုကိုယ်တိုင်လည်း ဖောက်ပြန်တယ်ဆိုတဲ့အရာကို ခံစားဖူးပါတယ်လို့ ရင်ဖွင့်လာပါတယ်။

“အနှောင်အဖွဲ့သီချင်းကို စနှိုက်ကျော် သီချင်းလို့ ဝေဖန်ကြတာလည်း ရှိတယ်။ ဘယ်လို ဝေဖန်မှုတွေရှိနေပါစေ စိတ်ထဲမှာမထားပါဘူး။ လူတိုင်းကတော့ ဖောက်ပြန်တယ်ဆိုတာ ကိုယ်ကိုယ်တိုင်ခံစားဖူးမှ သိတာလေ။ မီးနိုကိုယ်တိုင်လည်း ဖောက်ပြန်တယ်ဆိုတဲ့အရာကို ခံစားဖူးပါတယ်။ နည်းနည်း ဘယ်လိုပြောမလဲ။ ကိုယ့်ကိုယ်လည်း မှန်တဲ့သူလို့လည်း မမြင်ပါဘူး။ ဖောက်ပြန်တဲ့ အရာကို ကြိုက်လည်း မကြိုက်ဘူး။ ကိုယ်တိုင် မလုပ်မိအောင်လည်း နေမယ်လို့ ဆုံးဖြတ်ချပြီးနေထိုင်တယ်။ ခုလို ဖောက်ပြန်မှုတွေကို ကိုယ်ကအမြင်နဲ့တွေ့ပေမယ့် သူ့တို့ရင်ထဲ ဘယ်လောက်ဘလောင်ဆူနေလဲ မသိနိုင်ဘူး။ ဒီ ခံစားချက်ကို နားလည်ပါတယ်။ လူဆိုတာ တစ်နေ့မဟုတ် တစ်နေ့ အခက်အခဲကြုံတွေ့ရင်လည်း အရှုံးမပေးပါနဲ့ ။ ဒီသီချင်းလေး ရေပန်းစားပြီး ပေါက်နေလို့ မီးနို ဘယ်နေရာသွားသွား မျက်နှာရတယ် ”လို့  အဆိုတော် မီးနိုက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-20_12-32-34-721x1024.jpg

လက်ရှိ ရုံတင်ပြသနေတဲ့  “စတုထ္တမြောက် သွေးကြောမျှင်” ရုပ်ရှင်ဇာတ်ကားကြီးမှာ မီးနိုရဲ့ “မျှော်လင့်ရင်းနဲ့”သီချင်းက ဇာတ်ဝင်တေးအဖြစ်နဲ့ ပါဝင်ထားတာလည်း ဖြစ်ပါတယ်။ တေးရေး တေးဆို မီးမီးခဲဆီက ဒီသီချင်းလေးကို မကွယ်လွန်ခင်ထဲက ဝယ်ယူထားတာလည်း ဖြစ်တယ်လို့သိရပါတယ်။ မီးနို အနေနဲ့ ပြိုင်ပွဲ ၊ အပေါစားလူ ၊ တစ်နေ့နေ့ ၊ အနိုင်အရှုံး ၊ ဘုရားပေးတဲ့ဆု၊ မုန်တိုင်းအသင်္ချေ ၊ စိတ်ဒဏ်ရာ စတဲ့ တေးသီချင်းတွေ ထွက်ရှိထားပြီး တချို့သီချင်းတွေကို ဇာတ်ဝင်တေးအဖြစ်သုံးလာတာတွေလည်း ရှိလာပါတယ်။

လက်ရှိမှာ သူမကတော့ လက်ဝှေ့ထိုးလေ့ကျင့်ပြီး ပေါင် ၁၃၀ ကနေ ဝိတ်ချလာတာဆိုရင် လက်ရှိပေါင် ၁၁၀ ကျော် လောက်ပဲရှိနေပြီး ဝိတ် တွေ ဆက်ချနေတယ်လို့ ဆိုပါတယ်။

“အရင်ကတော့ မီးနို ခန္ဓာကိုယ်က ဝိတ်က ၁၃၀ ကျော်ရှိလာတယ်။ ခုချိန်မှာ ဆက်တိုက် ဝိတ်ချနေပါတယ်။ ကိုယ်ဝနေရင် ကိုယ့်ကိုယ်ကိုယ် Confidence ဖြစ်မနေလို့ ဝိတ်ချလိုက်တာပါ။ သရုပ်‌ဆောင်ပိုင်းတော့ ဝါသနာမပါပါဘူး။ Musical နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေဆိုရင်တော့ မီးနိုရိုက်ချင်ပါတယ်။ ကိုယ့်ရဲ့ Talent ပြလိုရတာ ဆိုရင်တော့ ရိုက်ချင်တယ်။ အချစ်ကားတွေ တခြားကားတွေတော့ မီးနို ရိုက်ရမှာ မကြိုက်ဘူး”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *