October 18, 2024

၂၀. ၇. ၂၀၂၃
Written By Thandar

ပရိသတ်အားပေးမှုကိုရရှိထားတဲ့ အဆိုတော် လွှမ်းပိုင်ရဲ့ မကြာခင်ထွက်လာမယ့် Album ဟာ ရင်ထဲကခံစားချက်တွေကို သီချင်းအဖြစ် ပြောင်းထားတဲ့အတွက် Emotion တွေ အများကြီးပါတယ်လို့ ဖွင့်ဟလာပါတယ်။ 

“ကျွန်တော် ခွေထွက်ဖို့ လုပ်နေတာ ကြာပါပြီ။ ဘာကနေ ဘယ်လိုလုပ်ရမလဲ စဥ်းစားနေတာပါ။ အရင် ကိုဗစ်ကာလမှာက သိပ်မသိသာပေမယ့် ခုနောက်ပိုင်း ပွဲတွေဆိုတဲ့အချိန်မှာ အရမ်းသိသာလာတယ်။ တစ်ခါလာလည်း ဒီသီချင်းပဲဆိုနေရတယ်။ ကိုယ့်ကိုယ်ကိုယ့် ပြန်ဆိုရတာပျင်းလာလို့ ခွေသစ်လေးလုပ်ဖြစ်တာပါ။ အရင်တုန်းက ရေးထားတဲ့သီချင်းတွေရော ခုနောက်ပိုင်း ရေးထားတဲ့သီချင်းတွေလည်း ပါပါမယ်။ ကျွန်တော် CD ခွေအနေနဲ့ မထွက်တော့ဘူး။ နားထောင်ဖို့လည်း ခဲယဥ်းသွားပြီလေ။ ဖုန်းကနေ နားထောင်ရမယ်။ App ကတစ်ဆင့်ထုတ်သွားမှာပါ ”လို့ အဆိုတော်လွှမ်းပိုင်က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-20_10-57-56-1024x1024.jpg

အဆိုပါ Album သီချင်းခွေမှာ ကိုယ်တိုင်ရေး ကိုယ်ပိုင်သံစဥ်သစ်တွေပါဝင်မယ့် တေးသီချင်း ၆ ပုဒ်ပါဝင်မှာလည်း ဖြစ်ပါတယ်။ Title ကို အမည်ပေးထားပေမယ့် ပရိသတ်ကို မကြာခင်မှ အသိပေးသွားမှာဖြစ်ပြီး နှစ်ခွေစာလောက် ထွက်ဖြစ်မယ်လို့လည်း ဆိုပါတယ်။ Featuring အနေနဲ့ နာမည်ကြီး အဆိုတော်ကြီးတွေအပြင် ခေတ်ပေါ်အဆိုတော်တွေလည်း သီဆိုပေးထားတယ်လို့ သိရပါတယ်။ သီချင်းတစ်ခွေမှာ သီချင်း ၆ ပုဒ်နှုန်းနဲ့ နှစ်ခွေ ထုတ်ဖို့ စီစဥ်ထားလို့ သိရပါတယ်။
  
“ဒီသီချင်းတွေက ခံစားချက်တစ်ခုကို ပုံဖော်ပေးတဲ့ Album တစ်ခုလို့မြင်ပါတယ်။ ဒီသီချင်းတွေက ဂီတ အရမ်းရူးသွပ်ပြီး ပညာပြပြီး လုပ်ထားတဲ့ ခွေမဟုတ်ဘူး။ ကျွန်တော်ရဲ့ ရင်ထဲကခံစားချက်တွေကို သီချင်းအဖြစ် ပြောင်းထားတဲ့ Album ဖြစ်တဲ့အတွက် ဒီခွေက Emotion များတဲ့ Album တစ်ခုလို့ ပြောလို့ရပါတယ်။ ဂီတ မှတ်တိုင်ကတော့ ပရိသတ်က သတ်မှတ်ကြတာပါ။ ကျွန်တော်ရဲ့ ရင်ထဲကခံစားချက်တွေကို ထုတ်လိုက်တဲ့ခွေဖြစ်ပေမယ့် ပရိသတ်ကြိုက်တယ်ဆိုရင်တော့ ဂီတမှတ်တိုင်တစ်ခုဖြစ်မှာပါ”လို့ သူကဆက်ပြောပါတယ်။

အဆိုတော် လွှမ်းပိုင်ဟာ လာမယ့် သြဂုတ်လ ၅ ရက်နေ့မှာ ရန်ကုန်မြို့ Hexagon Complex မှာ တေးသီချင်းတွေ ဖျော်ဖြေတင်ဆက်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *