October 18, 2024

z၂၀. ၇. ၂၀၂၃
Written by Pan Ei

တောင်ကိုရီးယားနိုင်ငံမှာ မနှစ်က စတင်ကျင်းပခဲ့ပြီး Netflix, Disney + စတဲ့ အွန်လိုင်းပလက်ဖောင်းတွေပေါ်မှာ ထုတ်လုပ်တဲ့ ဇာတ်လမ်းတွဲတွေက ထူးချွန်သူတွေကို ဂုဏ်ပြုချီးမြှင့်တဲ့ Blue Dragon Series Awards ပွဲ ဒုတိယအကြိမ်ကို မနေ့ညက တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့မှာ ကျင်းပခဲ့ပါတယ်။

ဖျော်ဖြေရေးနယ်ပယ်မှာ အထူးချွန်ဆုံးသူတွေကို ဂုဏ်ပြုချီးမြှင်ခဲ့တဲ့ Blue Dragon Series Awards ဆုပေးပွဲကျင်းပခဲ့တဲ့ မနေ့ညဟာဆိုရင် ခမ်းနားမှု၊ ဆွဲဆောင်မှုတွေနဲ့အတူ စိတ်လှုပ်ရှားဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ညတစ်ညဖြစ်ခဲ့ပြီး ဆုပေးပွဲရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ အမြင့်ဆုံး Grand Prize ဆုကိုတော့ မင်းသမီး Song Hye Kyo က ထိုက်တန်စွာနဲ့ပဲ ရရှိခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာရော နိုင်ငံတကာမှာပါ အောင်မြင်မှုများစွာရရှိခဲ့တဲ့ The Glory စီးရီးမှာ ကျောင်းတွင်းအကြမ်းဖက်မှုကို လက်စားချေပြခဲ့ပြီး ပရိသတ်တွေရဲ့ နှလုံးသားကိုအရယူနိုင်ခဲ့တဲ့ မင်းသမီး Song Hye Kyo က ဆုပေးပွဲရဲ့ အမြင့်ဆုံးဆုကို ရရှိခဲ့တဲ့အပြင် သူမရဲ့ တွဲဖက်သရုပ်ဆောင် မင်းသမီး Lim Ji Yeon ကလည်း အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကိုရရှိခဲ့တဲ့အပြင် The Glory ထဲက တက်သစ်စ မင်းသမီး Shin Ye Eun ကလည်း အကောင်းဆုံးမျက်နှာသစ်အမျိုးသမီးဆုကို Revenge of Others ဇာတ်လမ်းတွဲနဲ့ ရရှိခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-20_10-24-44-2.jpg

This image has an empty alt attribute; its file name is photo_2023-07-20_10-24-45.jpg

အခြားသောဆုတွေအနေနဲ့ အခုနှစ်အတွက် အကောင်းဆုံးဒရမ်မာဆုကို “Big Bet” က ​​ရရှိခဲ့ပြီး မင်းသမီး Bae Suzy က “Anna” ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူးခဲ့သလို မင်းသား Ha Jung Woo က “Narco-Saints” ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။

အင်ချွန်းမြို့ရဲ့ Paradise City မှာ ပြုလုပ်ခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ ဆုပေးပွဲတစ်ခုဖြစ်တဲ့ ၂၀၂၃ ခုနှစ်အတွက် Blue Dragon Series Awards ဆုပေးပွဲရဲ့ တင်ဆက်သူတွေအဖြစ် Girls Generation အဖွဲ့က YoonA နဲ့ Jun Hyun Moo တို့က တင်ဆက်ခဲ့ကြပြီး ကိုရီးယားရုပ်သံလိုင်း KBS 2TV နဲ့ နိုင်ငံတကာက ပရိသတ်တွေအတွက်တော့ YouTube ကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။

Ref; Koreaboo

Leave a Reply

Your email address will not be published. Required fields are marked *