◾နိုင်ငံအချို့တွင် အပူချိန် ၁၂၀ ဒီဂရီ ဖာရင်ဟိုက်အထိရောက်ရှိ
၁၉. ၇. ၂၀၂၃
Translated by Htwe Ko Tun
ကမ္ဘာတစ်ဝန်း နေရာအနှံ့အပြား၌ မကြုံစဖူးပြင်းထန်စွာမြင့်တက်လျက်ရှိသော အပူရှိန်ကြောင့် ကနေဒါနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတိုက်နိုင်ငံများကဲ့သို့ သမပိုင်းဒေသများတွင်ပင် စံချိန်တင်လောက်အောင် အပူချိန်များမြင့်တက်လာနေကြောင်း သိရသည်။
အီရတ်နိုင်ငံ၊ ဘက်ဂဒက်မြို့တွင် ဇူလိုင်လ တတိယပတ်အတွင်း အပူချိန်မှာ ၁၂၂ ဒီဂရီဖာရင်ဟိုက် (၅၀ ဒီဂရီ စင်တီဂရိတ်) အထိမြင့်မားလာခဲ့ကြောင်း သိရသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း အနောက်တောင်ပိုင်းနှင့် တောင်ပိုင်းတို့တွင် အသက်အန္တရာယ်ဖြစ်စေလောက်သော အပူချိန်မြင့်မားမှုများကို ကြုံတွေ့နေရပြီး တက္ကဆက်နှင့် အရီဇိုးနားပြည်နယ်တို့တွင် စံချိန်တင်မြင့်မားလျက်ရှိသည်။ အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့တွင် ဇူလိုင် ၁၈ ရက်၌ အပူချိန် ၁၁၆ ဒီဂရီဖာရင်ဟိုက်(၄၇ ဒီဂရီ စင်တီဂရိတ်) အထိ ရောက်ရှိခဲ့ကြောင်း မိုးလေဝသကြေညာချက်များက ဆိုသည်။ အပူလှိုင်းဖြတ်သန်းမှုကြောင့် ကနေဒါနိုင်ငံတွင် တောမီးများလည်း လောင်ကျွမ်းနေရသည်။
ဥရောပတိုက်ရှိ အီတလီ၊ ပြင်သစ်၊ စပိန်နှင့် ဂရိနိုင်ငံများတွင်လည်း အပူချိန်မှာ ၁၂၀ ဒီဂရီဖာရင်ဟိုက်(၄၉ ဒီဂရီ စင်တီဂရိတ်) အထိ စံချိန်တင်လောက်အောင် အပူချိန်မြင့်မားမှုများ ဖြစ်ပွားနေဆဲဖြစ်ပြီး ဆေးရုံများတွင် အရေးပေါ် လူနာအများစုမှာ အပူလှိုင်းဖြတ်သန်းမှုကြောင့်ဖြစ်ကာ ဂရိနှင့် စပိန်နိုင်ငံများတွင် တောမီးများပါ လောင်ကျွမ်းနေကြောင်း သိရသည်။
မြင့်မားလျက်ရှိသော အပူရှိန်ကြောင့် ကမ္ဘာ့ဒေသအချို့တွင် လူသေဆုံးမှုများပင် ဖြစ်ပေါ်နေရကြောင်းသတင်းများကဆိုသည်။
Ref–CNN