October 19, 2024

၁၈. ၇. ၂၀၂၃
Written by Pan Ei

ဘောလုံးလောကမှာ အရှိန်အဝါကြီးမားလှတဲ့ လီယွန်နယ်မက်ဆီရဲ့ အင်တာမိုင်ယာမီမှာ ပွဲဦးထွက်ပွဲစဉ်အတွက် လက်မှတ်တွေဟာ အမေရိကန်ဒေါ်လာ ၁၁၀,၀၀၀ အထိ ပေါက်ဈေးရှိနေတယ်လို့ လက်မှတ်တွေပြန်လည်ရောင်းချတဲ့ ၀က်ဘ်ဆိုက် Vivid Seats ရဲ့ ရှာဖွေမှုအရ သိရပါတယ်။

လက်မှတ်တစ်စောင်အတွက် အမေရိကန်ဒေါ်လာ ၁၁၀,၀၀၀ ဆိုတဲ့ ပမာဏဟာ အလွန်များပြားလွန်းလှပြီး မေဂျာလိဂ်ကလပ်အသင်းတစ်ခုအတွက် မှတ်တမ်းတင်ခဲ့ဖူးသမျှထဲမှာ ဈေးအကြီးဆုံးလက်မှတ်ဈေးပဲ ဖြစ်ပါတယ်။

ဘောလုံးစူပါစတား မက်ဆီဟာ ပြီးခဲ့တဲ့ စနေနေ့က အင်တာမိုင်ယာမီဘောလုံးအသင်းနဲ့ တရားဝင်လက်မှတ်ရေးထိုးပြီးနောက် တစ်နှစ်လုပ်အားခအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၅၀ ကနေ သန်း ၆၀ ကြားရရှိမယ်လို့ သတင်းတွေထွက်ပေါ်နေပြီးတဲ့နောက်မှာ ထိုင်ခုံတချို့ရဲ့စျေးနှုန်းတွေက ပိုမို မြင့်တက်လာခဲ့တာပါ။

ဒါပေမဲ့ မက်ဆီရဲ့ အင်တာမိုင်ယာမီအသင်းအတွက် ပထမဆုံးပွဲစဉ်ဖြစ်မယ့် သောကြာနေ့ (ဇူလိုင်လ ၂၁ ရက်) မှာ မက္ကဆီကိုအသင်း ခရုဇ် အာဇူလ်နဲ့ အင်တာမီယာမီ အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမယ့်ပွဲအတွက် ဈေးသက်သာတဲ့ လက်မှတ်တွေရဲ့ ပျမ်းမျှဈေးနှုန်းကတော့ ၄၈၇ ဒေါ်လာဖြစ်ပြီး အဲ့ဒီပွဲကိုကြည့်ဖို့ မိုင် ၇၀၀ နီးပါးကို ခရီးထွက်လာကြမယ့်ပရိသတ်တွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ မိတ်ဆက်ပွဲမှာ မက်ဆီက သူဟာ မိုင်ယာမီမှာရှိဖို့ အရမ်းစိတ်လှုပ်ရှားရပါတယ်လို့ ပြောကြားခဲ့ပြီး “ကျွန်တော်က ပြိုင်ဆိုင်လိုစိတ်၊ အနိုင်ယူလိုတဲ့ဆန္ဒနဲ့ ကလပ်ကို ဆက်လက်တိုးတက်အောင် ကူညီပေးလိုတဲ့ဆန္ဒနဲ့ ဒီကိုလာခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *