October 18, 2024

ကင်မရွန်းတွင် အကြမ်းဖက်ခွဲထွက်သူပုန်တို့လက်ချက်ကြောင့် သေဆုံးခဲ့ရသူများမှ လက်ထပ်ပြီးကာစစုံတွဲကို တွေ့ရစဉ်။

၁၈. ၇. ၂၀၂၃
Translated by Htwe Ko Tun

ကင်မရွန်းနိုင်ငံ၊ ဘာမန်ဒါမြို့တွင် မည်သူမည်ဝါ မသိရှိသေးသော အကြမ်းဖက်သမားသေနတ်သမားများက လူအစုလိုက်အပြုံလိုက်ပစ်ခတ်မှုတစ်ရပ်ကြောင့် လက်ထပ်ပြီးကာစ စုံတွဲတစ်တွဲ အပါအဝင် လူကိုးဦးသေဆုံးရသော အကြမ်းဖက်မှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

သေဆုံးခဲ့ရသူများတွင်ပါဝင်သည့် အသက် ၃၇ နှစ်ရှိ Simplice Lontsi Tsomene နှင့် အသက် ၂၅ နှစ်ရှိ Helene Raisa Tanga တို့မှာ လက်ထပ်ပြီးကာစ စုံတွဲဖြစ်သော်လည်း ၎င်းတို့တွင်သားသမီးသုံးဦးရှိကာ ဖုန်းဆိုင်ပိုင်ရှင်များလည်းဖြစ်သည်။

အာဏာပိုင်များက ထိုအကြမ်းဖက်တိုက်ခိုက်မှုသည် ခွဲထွက်ရေးသူပုန်တို့ လက်ချက်ဟု ယူဆကြပြီး သတင်းများအရ အကြမ်းဖက်သမားသေနတ်သမားများက ကားနှစ်စီးဖြင့် ရုတ်တရက်ရောက်လာကာ လူများကို မြေပေါ်တွင် လှဲခိုင်းထားသည်ဟုသိရသည်.။

သေနတ်သမားများက ၎င်းတို့သ-တ်ဖြတ်ခဲ့သူများကို အစိုးရနှင့်ပူးပေါင်းကြံစည်နေသူ (သို့မဟုတ်) ခွဲထွက်ရေးသမားများ၏ညွှန်ကြားချက်များကို မလိုက်နာသူများအဖြစ် စွပ်စွဲသ-တ်ဖြတ်ခဲ့ကြကြောင်း မျက်မြင်တွေ့ရှိသူများက ပြောခဲ့သည်။

ကင်မရွန်းနိုင်ငံ၏ အင်္ဂလိပ်စကားပြောဒေသများအတွက် Ambazonia ဟုခေါ်သေ ာသီးခြားနိုင်ငံတစ်ခု တည်ထောင်နိုင်ရန် သူပုန်များက ၂၀၁၇ ခုနှစ်မှစ၍ တောင်းဆိုလျက်ရှိပြီး ဘာမန်ဒါမြို့မှာလည်း အဆိုပါ ခွဲထွက်သောင်းကျန်းသူတို့ အားကောင်းသောနေရာဖြစ်သည်။

လူကိုးဦးသေဆုံးရသည့် ယခုအကြမ်းဖက်မှုတွင် မည်သည်အဖွဲ့အစည်းကမှ သ-တ်ဖြတ်မှုများက ၎င်းတို့ လက်ချက်ဟု တာဝန်ယူမပြောကြသေးသော်လည်း အချို့သောခွဲထွက် Ambazonia ခေါင်းဆောင်များက ၎င်းတို့၏တပ်ဖွဲ့ဝင်များအား အစိုးရနှင့်ပူးပေါင်းသူများကို ရက်ရက်စက်စက်သ-တ်ဖြတ်ရန် တိုက်တွန်းလျက်ရှိကြသည်။

Ref—-BBC

Leave a Reply

Your email address will not be published. Required fields are marked *