October 18, 2024

၁၈. ၇. ၂၀၂၃
Written By Thandar

ပရိသတ်ချစ်ခင်အားပေးမှုကို များစွာရရှိထားတဲ့ သရုပ်ဆောင် အကယ်ဒမီရွှေမှုံရတီက “ဥခွံ” ရုပ်ရှင် ဇာတ်ကားမှာ မကြီးစိုးနဲ့ မချောတို့နဲ့ ဒီကားရိုက်ချိန် ဆုံရတာ ရွှေဖြစ်ခဲ့သလို မကြီးစိုးနဲ့ မချောတို့ရဲ့ Support ကြောင့် ရင်ဘတ်ထဲကအစစ်တွေထွက်လာခဲ့တယ်လို့ ဖွင့်ဟလာပါတယ်။

“သဲအတွက် ဥခွံကားလေးက ဒါရိုက်တာ ဦးညီညီအောင် ကျေးဇူးကြောင့်ပါပဲ။ အမှတ်တရကတော့ သဲတို့ ပထမ ဥခွံက ဗီဒီယိုကားလေး တည်ထားတာပါ။ မကြီးစိုးရယ် မချောရတနာရယ် သဲရယ်က ဗီဒီယို ကားလေး ရိုက်ပြီးပြီ။ ကားပြီးလို့ Edit ဆက်ချိန်မှာ ကားကကောင်းလွန်းလို့ ဒီကားကို ရုံကြီးကားလေး ပြောင်းလိုက်ချင်တယ်ဆိုတော့ ဘဝမှာ အတိုင်းမသိပျော်တာပေါ့။ ကားလေး ပြောင်းရိုက်ပြီးတော့ အကြောင်းအမျိုးမျိုးကြောင့် မတင်ဖြစ်လိုက်ဘူး။ ဦးညီကလည်း သူ့တပည့်ကို အထူးသရုပ်ဆောင်ဆိုပြီး နာမည်လေးတပ်ပေးတာ‌လေ။ သဲအနေနဲ့ ပီတိလေးက အင်မတန်ကို ဖြစ်ရပါတယ်။ ဥခွံဇာတ်ကားမှာ မကြီးစိုးနဲ့ မချောတို့နဲ့ ဒီကားရိုက်ချိန် ဆုံရတာ သဲအတွက် ရွှေပါပဲ။ မကြီးစိုးနဲ့ မချောတို့ရဲ့ Support က သဲအတွက် ရင်ဘတ်ထဲကအစစ်တွေထွက်လာခဲ့တယ်။ စိတ်မနှံ့ကာရိုက်တာက ရှားတယ်”လို့ အကယ်ဒမီ ရွှေမှုံရတီက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-18_11-26-00-683x1024.jpg

သူမဟာ ဒီဇာတ်ကားကို လွန်ခဲ့တဲ့ ၇နှစ်ကျော် ၈ နှစ်လောက် ရိုက်ကူးထားတာဖြစ်တဲ့အတွက် အိုက်တင်ပိုင်းမှာ လိုအပ်ချက်တွေရှိရင်လည်း နားလည်ပေးဖို့ ပရိသတ်ကို ကြိုပြီး တောင်းပန်ထားတာလည်း ဖြစ်ပါတယ်။ ရွှေမှုံရတီကတော့ လက်ရှိအချိန်မှာ အနုပညာနဲ့ ပတ်သက်ရင် စိတ်တိုင်းကျဇာတ်မှသာ ရိုက်ကူးမှုကို လက်ခံဖြစ်တယ်လို့ သိရပါတယ်။ Silver Egg Cinema ကနေ ဥခွံ ရုပ်ရှင်ဇာတ်ကားကို သြဂုတ် ၁၁ ရက်မှာ ပြသသွားမှာလည်းဖြစ်ပါတယ်။

“သဲရဲ့ သရုပ်ဆောင်မှုတွေ ပိုတာရှိခဲ့ရင်လည်း နားလည်ပေးပါလို့ ပြောချင်ပါတယ်။ ဒီကား ဥခွံ ဇာတ်ကားကို လွန်ခဲ့တဲ့ (၇) နှစ်၊ (၈) နှစ်လောက်က ရိုက်ခဲ့တာပါ။ သဲရဲ့ အိုက်တင်တွေက လိုအပ်တာတွေရှိရင်လည်း ရှိနေမှာပါ။ သဲဒီအချိန်မှာ ထပ်လုပ်ချင်တာတွေလည်း ရှိပါတယ်။ လိုတာလေးတွေ ပိုတာလေးတွေကို ဖြည့်စွက်ကြည့်ပေးဖို့ ပြောချင်ပါတယ်။ ဒီကားစရိုက်တုန်းကလည်း မုဒ်ကအရမ်းဝင်ခဲ့တာပါ။ ကား မုဒ်ခေါ်စရာမလိုဘဲ အလိုလို မုဒ်ဝင်ခဲ့တဲ့ကားလေးပါ။ ဗီဒီယိုရော၊ ရုပ်ရှင်ရော ပြန်ရိုက်ထားတော့ တစ်ကားလုံးကို အလွတ်ကျက်ထားသလို ရနေတယ်။ ခု Silver Egg App ကနေပြမယ်ဆိုတော့လည်း ဝမ်းသာပါတယ် ။ ဥခွံ ပင်ပင်ပန်းပန်း အားခဲပြီးတော့ ကြိုးစားထားတဲ့ကားလို့လည်း ပြောလို့ရပါတယ်” လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *