၁၇. ၇. ၂၀၂၃
Written by Thettant
Sweeper Keeper ဂိုးသမားရဖို့ နည်းပြတန်ဟတ် အရမ်းလိုအပ်နေတဲ့ အင်တာမီလန်ဂိုးသမား အန်ဒရေအိုနားနားဟာ မန်ယူအသင်းဆီပြောင်းရွှေ့ဖို့ သဘောတူညီချက်ရသွားခဲ့ပြီဖြစ်တယ်လို့ နာမည်ကျော်အားကစားသတင်းထောက်ဖြစ်တဲ့ Alfredo Pedulla က ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် Fabrizo Romano ကလည်း တန်ဟတ်ဟာ သူအရမ်းလိုချင်နေတဲ့ ဂိုးသမားကို ရခဲဲ့ပြီဖြစ်ပြီး ကလပ်အသင်းနှစ်ခုအကြား သဘောတူညီချက်ရခဲ့ပြီဖြစ်ကြောင်းနဲ့ ဆေးစစ်ဖို့အတွက် စာချုပ်လက်မှတ်ထိုးဖို့ လုပ်ဆောင်တော့မှာဖြစ်သလို အမေရိကန် ခရီးစဥ်မှာ အိုနားနားလိုက်ပါလာနိုင်ဖို့လည်း မန်ယူအသင်းက ဗီဇာစီစဥ်ပေးသွားမှာပါ။
ပြောင်းရွှေ့ကြေးဟာ ယူရိုသန်း ၅၀ နဲ့ အပိုဆုကြေး ၅ သန်းဝန်းကျင်ဖြစ်ပြီး အိုနားနားဟာ မန်ယူမှာ ၅ နှစ်စာချုပ် ၁ နှစ်သက်တမ်းတိုးခွင့်နဲ့ ပြောင်းရွှေ့မဲ့ လစာဟာလည်း အင်တာမီလန်မှာထက် နှစ်ဆလောက်ပိုရမယ်လို့ ကနဦးသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
အိုနားနားရဲ့ပြောင်းရွှေ့ကြေးဟာ ကမ္ဘာ့အမြင့်ဆုံး ဂိုးသမားအပြောင်းအရွှေ့မှာပါဝင်လာမှာဖြစ်ပြီး သူ့ထက်စျေးမြင့်တဲ့အပြောင်းအရွှေ့က ဘီဘာအိုကနေ ချဲလ်ဆီးကို ယူရို ၇၁ သန်းနဲ့ပြောင်းရွှေ့ခဲ့တဲ့ ကီပါနဲ့ ရိုးမားကနေလီဗာပူးကို ယူရို ၆၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ အလီဆင်ဘက်ကာပါ။
Photo-Fabrizo Romano