October 18, 2024

MT News

Written By Thandar

ချစ်ခြင်းမေတ္တာနဲ့ အတ္တ၊ မာန်မာနတွေကြားက “ရင်နှင့်အမျှ” အိမ်ထောင်ရေးဇာတ်လမ်းတွဲ စာနယ်ဇင်းမိတ်ဆက်ပွဲအခမ် းအနားကို ဇူလိုင် ၁၆ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ Myanmar Flim Development Center မှာ ကျင်းပခဲ့ပါတယ်။

“ဒီဇာတ်ကားလေးက ကျွန်တော့်ရဲ့ပထမဆုံး ဇာတ်လမ်းတွဲပါ။ ပြီးတော့ ရှိသမျှလူအင်အားလေးနဲ့ ကျွန်တော်တို့ လူငယ် လူသစ်တွေ အကောင်းဆုံးကြိုးစားထားပါတယ်။ အမှားလေးတွေပါခဲ့ရင်လည်း နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်။ ဒီဇာတ်ကားလေးမှာ ကျွန်‌တော်တို့ လူငယ်လူသစ်တွေ အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် သိထားတာလေးတွေကို ဝေမျှရင်း အကောင်းဆုံးကြိုးစားထားပါတယ်” လို့ ဒါရိုက်တာ Yaw Li က ပြောပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲကို ဇာတ်လမ်း Maple၊ ဇာတ်ညွှန်း ခိုင်စုတို့က ရေးသားပြီး ဒါရိုက်တာ Yaw Li က သရုပ်ဆောင်တွေဖြစ်တဲ့ သက်တံ့ဝိုင်၊ လရောင်၊ ရီယန်၊ ဆောင်းသစ်သစ်ဇွဲ၊လင်းလက်အောင်၊ ရောလီ၊ နန္ဒာ၊ သာသာလင်းထက်၊ ခရစ်စတိုဖာဝင်း၊ သက်ပိုင်ရဲ၊ အောင်လံထူ၊ ခင်မာကြည် တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

“ညီမက ဒီဇာတ်ကားမှာ မြမှူးခင် ဆိုတဲ့ အစွဲအလမ်းကြီးတဲ့သူ နေရာက သရုပ်ဆောင်ထားတယ်။ ကိုယ်က ထက်မြက်ပြီးအရာရာကို အရှုံးမပေးတတ်တဲ့ အမျိုးသမီးပေါ့နော် ။ မနဲ့မောင် အိမ်ထောင်ရေး ဇာတ်လေးမို့ မြန်မာဝတ်စုံလေး ဝတ်ဆင်ထားတယ်။ ဇာတ်ဝင်ခန်းတချို့မှာ ပါးရိုက်တဲ့ အခန်းတွေက တစ်ယောက်နဲ့တစ်ယောက် တကယ်ထိအောင် ပါးရိုက်တာတွေလည်းပါပါတယ်” လို့ သရုပ်ဆောင် သက်တံဝိုင်က MT News ကို ပြောပါတယ်။

ဒီဇာတ်လမ်းတွဲလေးကို ဝီယာ Entertainment ရဲ့ သုံးနှစ်ပြည့်အမှတ်တရအနေနဲ့ ရိုက်ကူးဖြစ်တယ်လို့ သိရပါတယ်။ “ရင်နှင့်အမျှ”ဇာတ်လမ်းတွဲကို ဇူလိုင် ၂၄ ရက် ည ၉ နာရီကစ တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေတိုင်း Cannel K ရုပ်သံလိုင်းမှာ ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *