October 18, 2024

MT News

၁၅. ၇. ၂၀၂၃

မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းသည် ၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲ တတိယလုပွဲတွင် အိမ်ရှင် အင်ဒိုနီးရှား အမျိုးသမီး ယူ-၁၉ အသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူပြီး တတိယဆုဆွတ်ခူးကာ ကြေးတံဆိပ် ရရှိခဲ့သည်။

မြန်မာအသင်းနှင့် အင်ဒိုနီးရှား အသင်းတို့သည် ဆုတံဆိပ် ရယူနိုင်ရေးအတွက် ကြိုးစားကစားခဲ့ကြ‌သော်လည်း ပွဲပန်းမှုဒဏ်ကို ခံစားနေရသဖြင့် ရုန်းကန်ခဲ့ကြရသည်။ အင်ဒိုနီးရှားသည် အိမ်ရှင်အသင်းပီပီ ပရိသတ်အားပေးမှုများဖြင့် အင်တိုက် အားတိုက် ကစားသွားခဲ့ပြီး မြန်မာနောက်တန်းနှင့် ဂိုးသမားတို့ ကာကွယ်မှုများ ပြုလုပ်ခဲ့ကြရသည်။

မြန်မာအသင်း တိုက်စစ်မှလည်း အခွင့်အရေးများ ဖန်တီးနိုင်ခဲ့သော်လည်း လွဲချော်နေခဲ့သဖြင့် ခက်ခက်ခဲခဲ ကစားခဲ့ရသည်။ မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို ပထမပိုင်း ပွဲချိန် (၃၀)မိနစ်တွင် ယဉ်လွန်းအိမ်က သွင်းယူခဲ့ပြီး အင်ဒိုနီးရှားအသင်းက ဒုတိယပိုင်းပွဲချိန် (၄၉)မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် ပြန်လည်ချေပခဲ့သည်။

လက်ကျန်ပွဲချိန်များတွင် နှစ်သင်းစလုံး အနိုင်ဂိုးရရှိရေးအတွက် ကြိုးစားကစားခဲ့ကြသော်လည်း ဂိုးထပ်မသွင်းနိုင်ကြသဖြင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ကြရသည်။

ပင်နယ်တီ အဆုံးအဖြတ်တွင် လေးလုံးစီ ကန်ပြီးချိန်တွင် မြန်မာဘက်မှ သိင်္ဂီထွေး၊ စန္ဒာလင်း၊ ဖြူဖြူဝင်း၊ ဖြူဖွေးတို့ ဂိုးဝင်အောင်ကန်သွင်းနိုင်ခဲ့ပြီး အင်ဒိုနီးရှားဘက်မှ နှစ်ဂိုးသာသွင်းယူနိုင်သဖြင့် မြန်မာအသင်းက (၄-၂) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ပွဲအပြီးတွင် မြန်မာအသင်း နည်းပြချုပ် ဒေါ်သက်သက်ဝင်းက “ပထမဦးစွာ အင်ဒိုနီးရှား အသင်းကို ချီးကျုးလိုပါတယ်။ အများကြီး တိုးတက်လာပြီးတော့ အကောင်းဆုံးလည်း အားထုတ်ကစားသွားကြပါတယ်။ ကျွန်တော်တို့အနေနဲ့ ပွဲချိန်အတွင်း အနိုင်ရချင်ရင် ဒီ့ထက်ပို အားထုတ်ကြိုးစားဖို့ လိုအပ်ပါသေးတယ်”ဟု ပြောကြားခဲ့သည်။

Ref & Photo Myanmar Football Federation

Leave a Reply

Your email address will not be published. Required fields are marked *