MT News
translated by Htwe Ko Tun
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ထိုင်းတပ်မတော်စစ်ရုံးချုပ်ရှေ့၌ Move Forward Party(MFP) ပါတီထောက်ခံသူများက ဇူလိုင်လ ၁၆ ရက် မွန်းလွဲပိုင်းတွင် စုဝေးဆန္ဒပြမှုများပြုလုပ်ခဲ့ကြကြောင်း သတင်းများအရ သိရသည်။
ဇူလိုင်လ ၁၃ ရက်တွင် ပါလီမန်၌ အထက်လွှတ်တော်နှင့်အောက်လွှတ်တော်အမတ်များ၏ ဝန်ကြီးချုပ် အသစ်အတွက် မဲပေးရွေးချယ်ပွဲ၌ အမတ် ၄၄ ဦးက လာရောက်မဲပေးခြင်းမရှိခဲ့ကြရာ အများစုမှာ အထက် လွှတ်တော်အမတ်များဖြစ်ကြောင်း သိရသည်။ လာရောက်မဲပေးသည့်အထက်လွှတ်တော်အမတ်များတွင်လည်း ၁၃ ဦးကသာ MFP ပါတီခေါင်းဆောင် ပီတာကိုဝန်ကြီးချုပ်အဖြစ် ထောက်ခံမဲပေးခဲ့ကြသည်။
အထက်လွှတ်တော်အမတ်များကို ထိုင်းတပ်မတော်က တိုက်ရိုက်ခန့်ထားခြင်းဖြစ်၍ ၎င်းတို့က ဤကဲ့သို့တပ်မတော်ဌာန ချုပ်ရှေ့၌ လာရောက်ဆန္ဒပြကြခြင်းဟုလည်း သိရသည်။
ဇူလိုင်လ ၁၃ ရက် ပူးတွဲမဲပေးပွဲတွင် MFP ပါတီ ခေါင်းဆောင် ပီတာမှာ ထောက်ခံမဲ ၃၂၄ မဲသာရ၍ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံရခြင်းမရှိဘဲ ရှုံးနိမ့်ခဲ့ရသည်။
Ref-Khaosod