October 18, 2024

MT News

Written by Naing Thuta

ပုသိမ်မြို့တွင် ငွေစက္ကူအတုများ လိုက်လံရောင်းချနေသည့် အမျိုးသားနှစ်ဦးကို တစ်သောင်းတန် ၉၄၇ ရွက်၊ ငါးထောင်တန် ၁၀၇ ရွက်စသည့်ငွေစက္ကူအတုများနှင့်အတူ ဇူလိုင်လ ၁၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မြို့ခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၁ ရက်နေ့က ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ရေပေါ်ဈေးအနီးတွင် တစ်သောင်းတန်၊ ငါးထောင်တန်ငွေစက္ကူအတုများကို ငွေအစစ်များဖြင့်ပြန်လည်လဲယူကာ ရောင်းချနေသူအမျိုးသား ၂ ဦးအား တစ်သောင်းတန်ငွေစက္ကူအတု ၉၄၇ ရွက်၊ ငါးထောင်တန်အတု ၁၀၇ ရွက်တို့ကို ၎င်းတို့လက်ဝယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသားနှစ်ဦးသည် တစ်သောင်းတန်ငွေစက္ကူအတု ၁၀ သိန်းကျပ်အား ငွေစက္ကူအစစ် တစ်သိန်းကျပ်နှုန်းဖြင့် လိုက်လံလဲလှယ်၍ရောင်းချနေခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးအား နယ်မြေခံရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *