October 18, 2024

MT News

Written by Hey Mar

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ရေကန်တောင်၊ရေကန်အမှတ်(၄/၅)ကြားမှာ ဇူလိုင်လ ၁၄ ရက် မနက် ၁၀ နာရီလောက်က အမျိုးသားတစ်ဦး သေဆုံးနေတာကို တွေ့ရတာကြောင့် လားရှိုးလူငယ် ပရဟိတအဖွဲ့ က ရုပ်အလောင်း သွားရောက်သယ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအမျိုးသား သေဆုံးရတဲ့အကြောင်းအရင်းကို သေချာမသိရှိရသေးဘဲ လားရှိုးမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ သေဆုံးသူနဲ့ အတူပါလာတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားအရ သေဆုံးသူရဲ့ အမည်က ဦးလရှီးဘောက်နော်၊အသက်(၃၈)နှစ်၊ (ဘ)ဦးလရှီးနော်ဘုန်လို့ သိရှိရပြီး လားရှိုးမြို့နယ်၊ ပန်ရှော်အုပ်စု၊ ပန်ရှော်ရွာနေထိုင်သူလို့ သိရှိရ​ကြောင်း လားရှိုးလူငယ်ပရဟိတ အဖွဲ့ကနေ သိရပါတယ်။

သေဆုံးသူအမျိုးသား အလောင်းကို အဆိုပါ ပရဟိတ အသင်းရဲ့နိဗ္ဗာန်ယာဥ်နဲ့ သယ်ဆောင်ပြီး လားရှိုးပြည်သူ့ဆေးရုံကြီး-အရေးပေါ်ဌာနကနေတစ်ဆင့် ရင်ခွဲရုံကိုပို့ဆောင်ပေးခဲ့ပြီး ဆေးရုံက (PR-010)နဲ့ လက်ခံထားရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *