၁၅. ၇. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်တောင်ပိုင်းရှိ အမျိုးသားသဘာဝထိန်းသိမ်းရေးနယ်မြေဖြစ်သော Big Cypress National Preserve သို့ ဇူလိုင်လဒုတိယပတ်အတွင်း ဒေသခံမုဆိုးများက ၎င်းတို့ဖမ်းဆီးမိသမျှ အရှည်လျားဆုံးအဖြစ်စံချိန်တင်ခဲ့သော အရှည် ၁၉ ပေရှိ မြန်မာ့စပါးအုံးမြွေတစ်ကောင်ကို လာရောက်လှူဒါန်းသွားခဲ့ကြောင်း ပြောခဲ့ကြသည်။
အဆိုပါမြွေအား ဇူလိုင်လ ၁၀ ရက်တွင် အသက် ၂၂ နှစ်ရှိ ဂျိတ် ဝါလီရီးက ၎င်း၏ဇာတိ Naples မြို့တွင် ဖမ်းမိပြီးနောက် တိုင်းတာကြည့်ကြရာတွင် ၁၉ ပေ ရှည်ပြီးအလေးချိန် ၁၂၅ ပေါင်ရှိခဲ့ကြောင်းသိရပြီး ၎င်းသည်ကမ္ဘာ့အရှည်ဆုံးမြွေအဖြစ်လည်း စံချိန်ဝင်ခဲ့သည်။
ဝါလီရီး က Instagram တွင် တင်ထားသော မြွေဖမ်းဆီးသည့် ဗီဒီယို၌ ၎င်းက မြွေကိုအမြီးမှဆွဲကာ လမ်းပေါ်သို့ပစ်တင်လိုက်ချိန်၌ စပါးအုံးမြွေကြီးက ၎င်းကိုလှမ်းပေါက်လိုက်သည်ကို တွေ့ရသည်။ ၎င်းနှင့် မြွေတို့ မြေပြင်ပေါ်၌တိုက်ခိုက်နေကြစဉ်မှာပင် အကူအညီများရောက်ရှိလာကာ မြွေကြီးမှာ နောက်ဆုံး ဖမ်းဆီးသ-တ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။
မြန်မာ့စပါးအုံးမြွေမျိုးများက ကမ္ဘာပေါ်တွင်အကြီးမားဆုံးသော မြွေမျိုးများအနက်တစ်ခုဖြစ်သည်။ အဆိုပါ မြွေမျိုးစိတ်များက ဖလော်ရီဒါပြည်နယ်တောင်ပိုင်းတွင် များပြားစွာမျိုးပွားပျံ့နှံ့နေသည်ကို တွေ့ရကာ ဒေသအတွင်း ၎င်းတို့ကို တိုက်ခိုက်အနိုင်ယူမည့် သားရဲတိရစ္ဆာန်များလည်း မရှိ၍ အမေရိကန် ပြည်ထောင်စုရှိ ဌာနေတိရစ္ဆာန်များ၏ အရေအတွက်ကိုပင် ထိခိုက်ကျဆင်းစေခဲ့ကြောင်းတွေ့ရ၍ မြန်မာ့စပါးအုံးမြွေများကို သ-တ်ဖြတ်ခွင့်ပေးထားသည်။
Ref——npr