၁၅. ၇. ၂၀၂၃
Written by Nay Moe
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို၊ အင်းရွာရပ်ကွက်တွင်နေထိုင်သည့် ယင်းမာပင်ခရိုင်ပညာရေးမှူး ဒေါ်သီတာချိုကို PDF များမှ သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ကာ သ-တ်ဖြတ်သွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၁၂ ရက်နေ့တွင် ယင်းမာပင်ခရိုင်ပညာရေးမှူး ဒေါ်သီတာချိုသည် အပြင်မှ ၎င်း နေထိုင်သည့် နေအိမ်သို့ပြန်လာစဉ် နေအိမ်၏ တံခါးဝ၌ PDF များမှ သေနတ်ဖြင့် ၂ ချက်ဖြင့် ပစ်ခတ်ရာ ထိုခရိုင်ပညာရေးမှူး ဒေါ်သီတာချိုမှာ အခင်းဖြစ်နေရာတွင် ကျည်ထိမှန်သေဆုံးသွားကြောင်း သိရသည်။
ဒေါ်သီတာချိုသည် ယခင် ၂၀၂၁ ဖေဖော်ဝါရီဖြစ်စဉ်တွင် စစ်ကိုင်းမြို့နယ်ပညာရေးမှူးအဖြစ် ထမ်းဆောင်စဥ် တာဝန်အရ ဆန္ဒပြဆရာမများကို ဆန္ဒမပြရန်နှင့် CDM လုပ်သူများကို CDM မလုပ်ရန် ဖြောင်းဖျခဲ့ရမှုများ၊ ထုတ်ပယ်ခဲ့ရမှုများကြောင့် NUG နှင့် PDF များက ဒလန်အဖြစ် သတ်မှတ်ခံခဲ့ရသူလည်းဖြစ်ကာ ထိုစဉ်ကတည်းက NLD ထောက်ခံသူများက ဒေါ်သီတာချိုအား သ-တ်ဖြတ်ရန် လှုံ့ဆော်ခံခဲ့ရသူလည်းဖြစ်သည်။
ဒေါ်သီတာချိုသည် ယင်းမာပင်ခရိုင်ပညာရေးမှုးဖြစ်သော်လည်း နယ်မြေအခြေအနေအရ မုံရွာမြို့ရှိ အင်းရွာရပ်ရှိ နေအိမ်တွင် နေထိုင်နေခြင်းဖြစ်ပြီး ပထမအကြိမ် ဇူလိုင် ၁၂ ရက်နံနက်တွင်လည်း PDF များက CDM လုပ်ရန် လာရောက်ခြိမ်းခြောက်ကာ ဆရာမကြီးက ငြင်းဆိုသဖြင့် ဒေါ်သီတာချို၏ ပညာရေးမှူးတံဆိပ်တုံးများ၊ ရွှေ၊ ငွေများ လုယက်ယူဆောင်သွားကာ ထိုနေ့ညနေတွင်ပင် ထပ်မံလာရောက် သ-တ်ဖြတ်ခြင်းလည်း ဖြစ်သည်ဟု ကနဦးသတင်းများအရ စုံစမ်းသိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုဇူလိုင်လအထိ NUG နှင့် PDF များက ကလေးငယ် ၂၀၂ ဦး၊ ဆရာ/ဆရာမ ၈၀၊ သံဃာ ၇၄ ပါး၊ ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၈၂၅ ဦး စုစုပေါင်း အပြစ်မဲ့ ပြည်သူ ၆၀၉၁ ကို သ-တ်ဖြတ်ခဲ့ကြောင်း (၅၃)ကြိမ်မြောက်လူ့အခွင့်အရေးကောင်စီအစည်းအဝေးအတွင်း လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏ မြန်မာနိုင်ငံဆိုင်ရာအစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံက တုံ့ပြန်သည့် ဇူလိုင် ၆ ရက် တုံ့ပြန်ချက်တွင် ဖော်ပြထားသည်။