MT News
translated by Htwe Ko Tun
ထိုင်းနိုင်ငံမှာ မေလ ၁၄ ရက်ရွေးကောက်ပွဲတုန်းက မဲအများဆုံးရခဲ့တဲ့ MFP ပါတီခေါင်းဆောင် ပီတာရဲ့ ဝန်ကြီးချုပ်နေရာ အဆိုပြုမှုအပေါ် ထိုင်းပါလီမန်မှာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်အမတ်တွေက မဲခွဲဆုံးဖြတ်မှုကို ဇူလိုင်လ ၁၃ ရက် ညနေက ကျင်းပခဲ့ချိန်မှာ ပီတာဟာ ဝန်ကြီးချုပ်ဖြစ်ဖို့ လိုအပ်တဲ့မဲအရေအတွက် ၃၇၆ မဲ မရရှိခဲ့တာကြောင့် သူ့ရဲ့ဝန်ကြီးချုပ်ဖြစ်ရေး အိပ်မက်က ပျက်ပြယ်ခဲ့ရပါပြီ။
ပီတာလင်ဂျာရွန်နတ်ဟာ အမတ် ၃၇၆ နေရာရမှ ဝန်ကြီးချုပ်ဖြစ်လာမှာဖြစ်ပေမဲ့ လက်ရှိမှာတော့ သူဟာအမတ်နေရာ ၃၂၄ ပဲ မဲရခဲ့တာကြောင့် အထက်လွှတ်တော်က ၁၀ ယောက်လောက်ကပဲ ပီတာ့ကို မဲပေးခဲ့ပြီး ကျန်တဲ့ ၉၅ ရာခိုင်နှုန်းလောက်က ပီတာ့ကိုမနှစ်မြို့တဲ့အခြေအနေကြောင့် သူရှုံးခဲ့တာပါ။
ဝန်ကြီးချုပ်အသစ်နေရာအတွက် ဒုတိယမဲအများဆုံး ဖျူထိုင်းပါတီက အဆိုပြုတဲ့ Suthin Klangsaeng ကို ဇူလိုင်လ ၁၉ ရက်မှာ ထပ်မံပြီး ပူးတွဲမဲခွဲဆုံးဖြတ်မှုပြုမှာဖြစ်လို့ လေကြီးလေကျယ်တွေမပြောတတ်တဲ့ Suthin Klangsaeng ဟာ ဝန်ကြီးချုပ်ဖြစ်ဖို့ များလာပါပြီ။
Ref-Top News