October 18, 2024

၁၄. ၇. ၂၀၂၃
Written By Thandar

သည်းထိတ်ရင်ဖိုဒရာမာပုံစံ “အစွဲ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကန်တော့ပွဲနဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲကို ဇူလိုင် ၁၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံဘုရား နဲ့ M3 Food Center မှာ ကျင်းပခဲ့ပါတယ်။

မီးမီးမွှေး ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ပထမဆုံးပွဲဦးထွက်ရုပ်ရှင်ဖြစ်တဲ့ အစွဲ ဇာတ်ကားဟာ အာကာစိုးဦးရဲ့ ဇာတ်လမ်းကို အာကာစိုးဦးနဲ့အတူ ဇေယျတု၊ ဟင်နရီစောထွန်းတို့က ဇာတ်ညွှန်းရေးဖွဲ့ထားပြီး ဇူလိုင် ၁၇ ရက်ကစ ရန်ကုန်မြို့နယ်အနီးတဝိုက်မှာ ရိုက်ကူးသွားဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-14_11-50-50-580x1024.jpg

” ဒီဇာတ်ကားလေးက ကျွန်တော့်ရဲ့ ပထမဆုံး ရုပ်ရှင်ကားကြီးဖြစ်လို့ အများကြီး ကြိုးစားထားပါတယ်။ ဇာတ်ညွှန်းပိုင်းကို အဓိက အားထားပြင်ဆင်ထားပါတယ်။ တကယ်ကွာလတီကောင်းတဲ့ ရုပ်ရှင်ကားကြီး တစ်ကားဖြစ်အောင် ကြိုးစားထားပါတယ်” လို့ ဒါရိုက်တာ အာကာစိုးဦးက ဆိုပါတယ်။

အဆိုပါရုပ်ရှင်ကားကို ဒါရိုက်တာ အာကာစိုးဦးက သရုပ်ဆောင်တွေဖြစ်တဲ့ လွှမ်းပိုင်၊ မင်းဘုန်းမြတ်၊ မေမြင့်မိုရ်၊ မှူးထိပ်ထား၊ စွမ်းထက်အောင်၊ ပိုင်စိုးသူ၊ နေရှိုင်း၊ ဒီမိုးစက်၊ စိုးမိုးကြည်၊ မိုခမ်း၊ ခင်စန်းဝင်း၊ ချိုမဒီသွင်၊ ဂျီဂျီး၊ အထူးဧည့်သည်သရုပ်ဆောင် ခင်ဇာခြည်ကျော်၊ ကလေးသရုပ်ဆောင် ဒီလရောင်၊ ယွန်းမီမီဇော် စတဲ့ အနုပညာရှင်များစွာနဲ့ ရိုက်ကူးမှာပါ။

This image has an empty alt attribute; its file name is photo_2023-07-14_11-50-52-1024x580.jpg

” ဒီကားလေးက လူငယ်လူသစ်တွေအတော်များများပါဝင်ထားပါတယ်။ ဒါရိုက်တာအတွက်ရော ထုတ်လုပ်ရေးအတွက်ပါ ပထမဆုံးရုပ်ရှင်ကားပါ။ ကျွန်တော့်အတွက်လည်း ပထမဆုံး Horror ရုပ်ရှင်ဖြစ်လို့ အားလုံးအတွက် စိန်ခေါ်မှုရှိပါတယ်။ အဲဒီ အတွက်လည်း အားလုံးက သေချာလေးကြိုးစားထားပါတယ်” လို့ အဆိုတော် သရုပ်ဆောင်လွှမ်းပိုင်က ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *