October 18, 2024

၁၄. ၇. ၂၀၂၃
Written by Min Mahar

ရွှေဘိုမြို့နယ်၊ ဂချီပါ(မြောက်)ကျေးရွာရှိ “ပြည့်ပြည့်အောင်” စက်သုံးဆီဆိုင်အနီးတွင် လယ်တောသို့သွားသော အမျိုးသားကြီးတစ်ဦးအား PDF များက သေနတ်ဖြင့် ၇ ချက်ပစ်သတ်သွားမှု ယမန်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၃ ရက်(ယမန်နေ့) မနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဂချီပါ (မြောက်)ကျေးရွာတွင် နေထိုင်ပြီး တောင်သူလုပ်ကိုင်နေသည့် အသက် ၅၁ နှစ်ခန့်ရှိသော အမျိုးသားကြီးသည် ၎င်း၏နေအိမ်မှ ကျေးရွာ၏တောင်ဘက်တစ်မိုင်ခန့်အကွာ၌ရှိသည့် လယ်တောသို့သွားရောက်စဉ် ရွှေဘို-ဆိပ်ခွန်သွားသောကားလမ်းပေါ်ရှိ “ပြည့်ပြည့်အောင်” စက်သုံးဆီဆိုင်အနီးသို့အရောက် PDF အဖွဲ့မှလူများက သေနတ်ဖြင့် ၇ ချက်ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာများရရှိကာ သေဆုံးနေကြောင်း ၎င်း၏ဆွေမျိုးတော်စပ်သူတစ်ဦးပြောပြချက်အရ သိရသည်။

အဆိုပါသေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ၎င်းအမျိုးသားကြီးသည် နောက်ကျောကို ကျည်ဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်၊ ဝဲဘက်ရင်အုံကို ကျည်ဖောက်ထွက်သည့်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်လက်မောင်းအရင်းမှ ယာဘက်လက်မောင်းအရင်းသို့ ကျည်ဖောက်ဝင်ဖောက်ထွက်ဒဏ်ရာ ၂ ချက်၊ ဦးခေါင်းထိပ်ကိုလည်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်မေးအနီး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် နောက်ကျောကိုပါ ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်တို့ အသီးသီးဒဏ်ရာများရရှိပြီး သေဆုံးနေသောကြောင့် ရုပ်အလောင်းအား ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ရွှေဘိုပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်းလူမှုကူညီရေးအသင်းမှ ပါဝင်ကူညီပေးသူတစ်ဦးပြောပြချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *