October 18, 2024

၁၃. ၇. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံပါလီမန်မှာ ဝန်ကြီးချုပ်နေရာ ပူးတွဲရွေးချယ်ပွဲမတိုင်မီ ရွေးကောက်ပွဲကော်မရှင်က MFP ပါတီခေါင်းဆောင်ဝန်ကြီးချုပ်လောင်း ပီတာအပေါ် စုံစမ်းတွေ့ရှိချက်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးထံ တင်‌သွင်းဖို့ ဇူလိုင်လ ၁၂ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကို မကျေနပ်ကြတဲ့ MFP ပါတီထောက်ခံသူတွေက ဇူလိုင်လ ၁၂ ရက်ကစပြီး ထိုင်းနိုင်ငံတစ်ဝန်း ဆန္ဒပြမှုတွေကိုပြုလုပ်လာခဲ့ကြပါတယ်။

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပီတာရဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခွင့်ကို ပိတ်ပင်ခဲ့ရင် တစ်နိုင်ငံလုံးက ပြည်သူတွေက ဆန္ဒပြမှုမှာ ပါဝင်လာကြမယ်လို့ လူ့အခွင့်အရေးရှေ့နေတစ်ဦးဖြစ်တဲ့ အမွန် နမ်ပါက ဇူလိုင်လ ၁၂ ရက်မှာ သတိပေး ပြောကြားခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-13_14-35-23-1024x552.jpg

အမွန် နမ်ပါက ဒီမိုကရေစီလို့ဆိုတဲ့ လှုပ်ရှားမှုတွေမှာပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ပီတာထောက်ခံသူတွေကို ဇူလိုင်လ ၁၂ ရက်၊ ညနေ ၆ နာရီမှာ ဘန်ကောက်မြို့ အနုပညာနဲ့ယဉ်ကျေးမှုဗဟိုအရှေ့ရှိ(MBK ကုန်တိုက်ကြီးအနီး) မိုးပျံလူသွားလမ်းမှာစုရုံးမိန့်ခွန်းပြောခဲ့ပါ တယ်။

အဆိုပါဆန္ဒပြမှုတွေမှာ ရွေးကောက်ပွဲကော်မရှင်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတို့အနေနဲ့ ဇူလိုင် ၁၃ ရက်၊ ညနေ ၅ နာရီမှာကျင်းပမယ့် ဝန်ကြီးချုပ်နေရာအတွက် ပူးတွဲရွေးချယ်ပွဲမတိုင်ခင် ပီတာကို ဝန်ကြီးချုပ်နေရာအရွေးခံခွင့်ကို ပိတ်ပင်မှု မပြုလုပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဘန်ကောက်မြို့အတွင်းမှာ ဇူလိုင်လ ၁၂ ရက်ကစတင်ကာ ဇူလိုင်လ ၁၅ ရက်ထိ ပါလီမန်အဆောက်အအုံရဲ့ မီတာ ၅၀ ပတ်ဝန်းကျင်မှာ လူစုလူဝေးပြုလုပ်ခွင့်ကို ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

Ref—-Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *