October 18, 2024

MT News

Written by Nyein Kyaw

ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၃,၂၄၀,၀၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီး ‌ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၁၀၀ ကျော်သို့ မြင့်တက်ခဲ့ကြောင်း ပြင်ပဈေးကွက်တွင် ရွှေနှင့်ဒေါ်လာ ရောင်းဝယ်နေသူများထံမှ သိရသည်။

ကမ္ဘာ့ရွှေဈေးသည် ဇူလိုင်လ ၇ ရက်တွင် တစ်အောင်စကို ၁,၉၁၆ ဒေါ်လာသာရှိသော်လည်း ဇူလိုင်လ ၁၀ ရက်တွင် တစ်အောင်စကို ၁,၉၂၄ ဒေါ်လာနှင့် ဇူလိုင်လ ၁၂ ရက်တွင် တစ်အောင်စကို ၁၉၃၆ ဒေါ်လာအထိ ဆက်တိုက်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းရွှေဈေးသည် ဇူလိုင်လ ၁၀ ရက်(တနင်္လာနေ့) တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၁၉၅,၀၀၀ သာရှိသော်လည်း ဇူလိုင်လ ၁၂ ရက် (ယနေ့)တွင် ရွှေအရောင်းဆိုင်များ၌ အခေါက်ရွှေတစ်ကျပ်သား ရောင်းဈေး ကျပ် ၃,၂၅၅,၀၀၀ ရှိပြီး ဝယ်ဈေး ကျပ် ၃,၂၄၅,၀၀၀ အထိ မြင့်တက်ကာ အရောင်းအဝယ်ပြုလုပ်နေခြင်းဖြစ်သည်။

ထို့အတူ ဒေါ်လာဈေးနှုန်းသည်လည်း ဇူလိုင်လ ၁၀ ရက်(တနင်္လာနေ့)တွင် တစ်ဒေါ်လာ ၃,၀၆၅ ကျပ်သာ ရှိခဲ့သော်လည်း ဇူလိုင်လ ၁၂ ရက် (ယနေ့)တွင် တစ်‌ဒေါ်လာ ကျပ် ၃,၁၂၅ ကျပ်ဖြင့် ကျပ် ၃,၁၀၀ ကျော်သို့ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် ဇူလိုင်လ ၅ ရက်တွင် ရွှေဈေးနှုန်း ၃,၁၇၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၀၄၀ ကျပ်၊ ဇူလိုင်လ ၆ ရက်တွင် ရွှေဈေးနှုန်း ၃,၁၈၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၀၅၅ ကျပ်၊ ဇူလိုင်လ ၇ ရက်တွင် ရွှေဈေးနှုန်း ၃,၁၉၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၀၆၀ ကျပ်၊ ဇူလိုင်လ ၁၀ ရက်တွင် ရွှေဈေးနှုန်း ၃,၂၄၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၀၆၅ ကျပ်၊ ဇူလိုင်လ ၁၁ ရက်တွင် ရွှေဈေးနှုန်း ၃,၂၁၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၁၀၀ ကျပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *