October 18, 2024

◾ ထိုင်းဝန်ကြီးချုပ်အသစ်ရွေးချယ်ရေးမှာ အင်အားစုနှစ်ခု အားပြိုင်နေပြီး ဒီမိုကရေစီလိုလားသူများက လူထုဆန္ဒပြပွဲများလုပ်မည်ဟု ခြိမ်းခြောက်လာ

MT News

Translated by Htwe Ko Tun

ထိုင်းနိုင်ငံ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို ရွေးကောက်ပွဲ မဲအများဆုံးနိုင်ခဲ့တဲ့ Move Forward Party (MFP)ခေါင်းဆောင် ပီတာ လင်ဂျာရွန်းနတ်ဟာ စည်းကမ်းနှင့်မညီညွတ်တာကြောင့် ပယ်ဖျက်ဖို့တောင်းဆိုလိုက်ပါတယ်။

အသက် ၄၂ နှစ်ရှိတဲ့ ဝန်ကြီးချုပ်အသစ်အဖြစ် တင်မြှောက်ခံရဖို့ အဆိုပြုထားတဲ့ ပီတာကို နက်ဖန် ဇူလိုင်လ ၁၃ ရက်မှာ အထက်လွှတ်တော်နဲ့အောက်လွှတ်တော်အမတ်တွေရဲ့ ပူးတွဲမဲ‌ရွေးချယ်ပွဲက ဝန်ကြီးချုပ် ဖြစ်သင့်မဖြစ်သင့် မဲပေးရွေးချယ်ကြမှာပါ။ပီတာက အခြားသောနိုင်ငံရေးပါတီ ခုနှစ်ပါတီနဲ့ မဟာမိတ်အုပ်စုဖွဲ့ထားပြီး အစိုးရဖွဲ့နိုင်ဖို့ရည်ရွယ်လျက်ရှိပါတယ်။ ဒီလိုမဲပေးရွေးချယ်ခံရဖို့တစ်ရက်အလိုမှာပဲ ပီတာကို ဝန်ကြီးချုပ်နေရာနဲ့မကိုက်ညီဘူးဆိုတဲ့အသံတွေထွက်လာတာပါ။ ဒါပေမယ့် ဖွဲစည်းပုံ အခြေခံဥပဒေခုံရုံး အနေနဲ့လည်း ဒီကိစ္စကို မနက်ဖြန်မဲပေးပွဲအမီတော့ ဆုံးဖြတ်နိုင်မယ်မထင်ပါဘူး။

သူ့ပါတီက ရွေးကောက်ပွဲမှာမဲအများဆုံးနဲ့နိုင်ခဲ့ပြီးကတည်းက ပီတာအဖို့ သူ့ကို ဆန့်ကျင်စွပ်စွဲမှုတွေကို ရင်ဆိုင်လာခဲ့ရပါတယ်။ ထိုင်းတော်ဝင်မိသားစုကို သစ္စာရှိတဲ့ စစ်ဖက်အင်အားစုကို သူ့ရဲ့ပြောကြားချက် တွေက အံ့အားသင့်တုန်လှုပ်စေခဲ့ပြီး ဇွန်လမှာတော့ ရွေးကောက်ပွဲကော်မရှင်က ပီတာ့အနေနဲ့ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ဖို့ အရည်အချင်းကိုက်ညီခြင်းရှိမရှိ စုံစမ်းစစ်ဆေးဖို့ အထူးကော်မတီ တစ်ရပ်ဖွဲ့ခဲ့ပါတယ်။

This image has an empty alt attribute; its file name is 347590953_140305549086928_944784693300675334_n.jpg

ရွေးကောက်ပွဲကော်မရှင်က သူ့အနေနဲ့အတည်ပြုပြီးရင် တွေ့ရှိချက်ကို ဖွဲစည်းပုံ အခြေခံ ဥပဒေခုံရုံးအနေနဲ့ ထည့်သွင်းစဉ်းစားနိုင်ဖို့ တင်ပြသွားမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပီတာဟာ အမတ်လောင်းတစ်ယောက်အဖြစ် ကိုက်ညီမှုမရှိခဲ့ကြောင်းနဲ့ ရွေးကောက်ပွဲစည်းမျဉ်းအရတားမြစ်ထားတဲ့ မီဒီယာလုပ်ငန်းမှာ အစုရှယ်ယာပိုင်ဆိုင်မှုတို့နဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။

ပီတာကတော့ ဒီကိစ္စကို အရေးမပါသယောင် ပြောထားပါတယ်။ iTV မီဒီယာမှာ အစုရှယ်ယာတွေပိုင်ခဲ့တယ်ဆိုတာလည်း ပြောင်းရွှေ့ပြီးဖြစ်ပြီး အခုဆိုရင် ဒီကုမ္ပဏီက လည်ပတ်မှုမရှိတော့ဘူးလိုငြင်းခဲ့ပါတယ်။ တကယ်လို့သာ အရည်အချင်းမပြည့်မီမှုနဲ့အပြစ်ရှိခဲ့ရင် ပီတာဟာ ထောင်ဒဏ် ၁၀ နှစ်အထိနဲ့ စည်းမျဉ်းတွေကိုချိုးဖောက်ခဲ့ရင် နိုင်ငံရေးနယ်ပယ်က အနှစ် ၂၀ ပိတ်ပင်မှုတို့နဲ့ကြုံရနိုင်ပါတယ်။

ပီတာကိုထောက်ခံတဲ့ ဒီမိုကရေစီလိုလားသူလို့ ဆိုသူတွေကတော့ ရွေးကောက်ပွဲကော်မရှင်ဟာ ဖွဲစည်းပုံအခြေခံဥပဒေခုံရုံးနဲ့ပေါင်းပြီး အကွက်ဆင်ကာ ပီတာ ဝန်ကြီးချုပ်မဖြစ်အောင်လုပ်နေတယ်လို ပြောကြပြန်ပါတယ်။ အဲဒီအဖွဲ့တွေကိုလည်း စစ်တပ်ထောက်ခံသူများအဖြစ် စွပ်စွဲခဲ့ကြပြန်ပါတယ်။ ဘန်ကောက်မြို၊ ချူလာလောင်ကွန် တက္ကသိုလ် ပါမောက္ခတစ်ဦးဖြစ်တဲ့ တီသီနန် က ပီတာရဲ့ နိုင်ငံခေါင်းဆောင်မှုပိတ်ပင်ခံရရင် လူထုဆန္ဒ ပြပွဲတွေ ဖြစ်လာမယ်လိုဆိုပြန်ပါတယ်။ ဇူလိုင်လ ၁၂ ရက် ညနေပိုင်းမှာ ဘန်ကောက်အပါအဝင် အနည်းဆုံး မြိုကြီးငါးမြို့မှာ ဒီမိုကရေစီထောက်ခံသူတွေက စုဝေးဆန္ဒပြမယ်လို့လည်းဆိုကြပါတယ်။

သေချာတာတစ်ခုကတော့ ထိုင်းနိုင်ငံအနေနဲ့ ဇူလိုင် ၁၃ ရက်မှာတင်မက လာမယ့် မကွာဝေးလှတဲ့ ကာလအတွင်း မှာတော့ နိုင်ငံရဲ့ ဝန်ကြီးချုပ်အသစ်ကို တင်မြှောက်နိုင်ဖို့မလွယ်ကူဘူးလို့ နိုင်ငံရေး အကဲဖြတ်တွေက သုံးသပ်နေကြပါတယ်။

နောက်ဆုံးသတင်းတစ်ရပ်အနေနဲ့တော့ ဘန်ကောက်မြို့တော်မှာ MFP ပါတီခေါင်းဆောင် ပီတာ လင်ဂျာရွန်းနတ် ထောက်ခံသူတွေက ဇူလိုင်လ ၁၂ ရက် ညနေ ခြောက်နာရီမှာ စတင်ဆန္ဒပြဖို့စုဝေးနေကြတာတွေ့ ရပါတယ်။ ဘန်ကောက်မြို့တော်အတွင်း အရေးကြီးနေရာတွေနဲ့ လမ်းတွေကို ရဲတွေက ပိတ်ဆို့ စောင့်ကြပ်နေတာလည်းတွေ့ရပါတယ်။ အလားတူ ပြည်နယ်အချို့နဲ့ ချင်းမိုင်လိုမြို့ကြီးတွေမှာလည်း မွန်းလွဲပိုင်းကစလို့ ပီတာထောက်ခံသူတွေက စုဝေး ဆန္ဒပြနေကြတာကြောင့် ထိုင်းနိုင်ငံရေးရဲ့အနာဂတ်က ဘယ်ဆီကိုဦးတည်နေလဲ ခန့်မှန်းရခက်နေပါတယ်။

Ref & Photo—Al Jazeera& Khaosod

Leave a Reply

Your email address will not be published. Required fields are marked *