October 18, 2024

MT News

Written by Nay Aung

တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၏ Call Centres မှတစ်ဆင့် တရားမဝင် လိမ်လည်မှုများလုပ်ဆောင်နေခြင်းကို ဖြိုခွင်းရန်အတွက် ထိုင်းနှင့် မြန်မာနယ်စပ်ဒေသတွင် အင်တာနက် ဖြတ်တောက်သွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့လက်ထောက်အကြီးအကဲ ရဲချုပ် Surachate Hakparn က ထုတ်ဖော်ပြောဆိုလိုက်သည်။

ထိုင်းအစိုးရသည် ထိုင်းနှင့်မြန်မာနယ်စပ်ဒေသဖြစ်သော မြဝတီမြို့ရှိ ရွှေကုက္ကိုလ်စီမံကိန်းကို လျှပ်စစ်မီးပေးနေခြင်းများကို ရပ်ဆိုင်းခဲ့ပြီးနောက် လပိုင်းအကြာတွင် ထိုင်းနှင့် မြန်မာနယ်စပ်ဒေသ၌ အင်တာနက်လိုင်းများ ဖြတ်တောက်ရန် စီစဉ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့အနေဖြင့် နယ်စပ်ဒေသတွင် Call Centres နှင့် အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုကျူးလွန်နေခြင်းကိုဖြိုခွင်းနိုင်ရန်အတွက် ထိုင်းအမျိုးသား ရုပ်သံလွှင့်ဌာနနှင့် ဆက်သွယ်ရေးကော်မရှင် (NBTC) နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။ နယ်စပ်ဒေသတွင်နေထိုင်သော ထိုင်း နိုင်ငံသားများသည် ကျွန်သဖွယ်နေထိုင်ရသောအခြေအနေများနှင့် မြန်မာနိုင်ငံရှိ Call Centres များတွင် အလုပ်လုပ်ကိုင်နေရကြောင်း သိရသည်။

ထို့အတူ အာဆီယံဒေသအတွင်းရှိ နိုင်ငံများမှ နိုင်ငံသားများသည် ထိုင်းနှင့်မြန်မာနယ်စပ်ဒေသရှိ မြဝတီမြို့တွင်တရုတ်နိုင်ငံသားများ ပါဝင်ဆက်နွယ်နေသော လူကုန်ကူးဂိုဏ်းများ၊ အွန်လိုင်းမှတစ်ဆင့်လိမ်လည်မှုကျူးလွန်နေသော အဖွဲ့အစည်းများလက်ထဲတွင် ပိတ်မိနေမှုများရှိခဲ့ကြောင်း သိရသည်။

ထိုင်းအစိုးရအနေဖြင့် ထိုင်းနှင့် မြန်မာနယ်စပ်ဒေသတွင် အွန်လိုင်းအသုံးပြုကာ လိမ်လည်နေသော ဂိုဏ်းများကို ဖြိုခွင်းနိုင်ရန်အတွက် တရုတ်အစိုးရ၊ မြန်မာအစိုးရတို့နှင့်ပူးပေါင်းပြီး အင်တာနက်နှင့် အဆက်အသွယ်များကိုဖြတ်တောက်သွားမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။

အဆိုပါအွန်လိုင်းမှတစ်ဆင့် ရာဇဝတ်မှုများ ကျူးလွန်နေသူများသည် နယ်စပ်ဒေသရှိတိုင်းရင်းသားလက်နက်ကိုင်အုပ်စုနှင့် ဆက်နွှယ်နေပြီး အဆိုပါဒေသများတွင် တရုတ် စီးပွားရေးသမားများ အခြေစိုက်နေကြောင်း သိရသည်။ထိုင်းနှင့်မြန်မာနယ်စပ်ဒေသဖြစ်သော တက်ခ်ခရိုင်တွင် အင်တာနက်တာဝါတိုင်ပေါင်း ၁၇၃ ခု ရှိနေပြီး Mae Ramat ဒေသ၊ Mae Sot ဒေသနှင့် Phop Phra ဒေသများသို့ အင်တာနက်လိုင်းများပေးနေကြောင်း သိရသည်။

Ref-The Nation

Leave a Reply

Your email address will not be published. Required fields are marked *