MT News
၁၃. ၇. ၂၀၂၃
ကုမ္ပဏီ (၁၀) ခုကို နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ် ပေးခွင့်လိုင်စင် ရုပ်သိမ်းကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့တွင် ထုတ်ပြန်ကြေညာသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုထုတ်ပေးထားသည့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်ရကုမ္ပဏီ (၁၀) ခုသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာမှုမရှိသဖြင့် နိုင်ငံခြားငွေများ ဝယ်ယူရောင်း ချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) အား အမှုဆောင်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ရုပ်သိမ်းကြောင်း အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာအပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ကုမ္ပဏီ (၁၀) ခုမှာ Kannan Trading Co.,Ltd ၊ Net Change Co.,Ltd ၊ Thiri Aung Si Trading Co., Ltd ၊ Riverwood Group Co., Ltd ၊ Global Myanmar Services Co., Ltd ၊ D-Gold Trading Co., Ltd ၊ Aurum Image Co., Ltd ၊ Hi Welcome Travel & Tours Co., Ltd ၊ Sweeties Pearls Co., Ltd နှင့် Chase Travels & Tours Co., Ltd တို့ဖြစ်သည်။