October 18, 2024

၁၃. ၇. ၂၀၂၃
Written by Pan Ei

ထိုင်းနိုင်ငံ Burger King ကနေ ဆန်းသစ်တီထွင်ပြီး ချိစ်နှစ်သက်သူတွေအတွက် အမေရိကန်ချိစ် (ဒိန်ခဲ) အချပ် ၂၀ ပါတဲ့ ဘာဂါမီနူးသစ်ကို အခုသီတင်းပတ်က စတင်မိတ်ဆက်ခဲ့ပါတယ်။

အသားပြားမပါဘဲ ချိစ့်အလွှာထူထူနဲ့ ဘာဂါဟာ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေပေါ်မှာ ချက်ချင်းဆိုသလိုပဲ ပျံ့နှံ့သွားခဲ့ပြီး အစပိုင်းမှာတော့ လူတွေက အပျော်သဘောနဲ့ ဘာဂါကို ဖန်တီးထားတာဖြစ်မယ်လို့ ယူဆခဲ့ကြပေမဲ့ ချိစ်ဘာဂါမီနူးဟာ အစစ်အမှန်ဖြစ်တယ်လို့ Burger King က အတည်ပြုခဲ့ပါတယ်။

အဲ့ဒီဘာဂါတစ်လုံးကို ထိုင်းငွေ ၃၈၀ ဘတ် (မြန်မာငွေနဲ့ဆို ၃၃,၀၀၀ ဝန်းကျင်) ကျသင့်မှာဖြစ်ပြီး စတင်ရောင်းချတဲ့နေ့တုန်းကတော့ လျှော့ဈေး ၁၀၉ ဘတ်နဲ့ ရောင်းချခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-13_12-13-26.jpg

သက်တမ်းကုန်ခါနီး ချိစ်တွေကိုရှင်းထုတ်ဖို့ စားသောက်ဆိုင်က ဘာဂါကိုဖန်တီးခဲ့တာလားလို့ တခြားသူတွေက ထင်ကြေးပေးနေကြချိန်မှာ ထိုင်းနိုင်ငံက အစားအစာကြိုက်နှစ်သက်သူတွေကတော့ ဘာဂါအသစ်ကို မြည်းစမ်းကြည့်ဖို့ စိတ်အားထက်သန်နေကြတယ်လို့ သိရပါတယ်။

လူအများစုဟာ ခုလို ထူးခြားတဲ့ ဘာဂါကို နှစ်သက်ကြပေမဲ့ ကယ်လိုရီနဲ့ ပြည့်ဝဆီများစွာပါဝင်တဲ့ ချိစ်(ဒိန်ခဲ) အလွန်အကျွံစားသုံးတာဟာ ကျန်းမာရေးအတွက် နောက်ဆက်တွဲဆိုးကျိုးတွေရှိနိုင်တယ်လို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတချို့က စားသုံးသူတွေကို သတိပေးခဲ့ပါတယ်။

အဲ့ဒီဘာဂါကိုဝယ်ပြီး ချိစ်အချပ်တွေ ဖယ်ကာ ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားတယ်လို့ အင်တာနက်သုံးစွဲသူတစ်ဦးက ဝေမျှခဲ့ပြီး အချို့ကလည်း ပိုစားကောင်းတဲ့ အတွေ့အကြုံရရှိဖို့အတွက် အဲ့ဒီဘာဂါမှာ အသားနဲ့ လတ်ဆတ်တဲ့ အသီးအရွက်တွေထည့်ဖို့ အကြံပြုထားပါတယ်။

Ref; CNN, Thaiger

Leave a Reply

Your email address will not be published. Required fields are marked *